၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများအတွက် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်ရန် ဆောင်ရွက်


အသစ်ထွက်ရှိသော ၁၅၀၀ တန် GSM မိုဘိုင်းဖုန်း
များကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့်သွ
င်းနိုင်ရန် စတင်ဆောင်ရွက် လိုက်ကြောင်း သိရ
သည်။
www.topup.com.mm ဝက်ဘ်ဆိုက်မှ တစ်ဆင့် ဆော
င်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါ ဝက္ဘ္ဆိုက္အေနျ
ဖင့် GSM, WCDMA, CDMA 800 MHz, CDMA
450 MHz ဖုန်းများအား အွန်လိုင်းမှ ငွေဖြ
ည့်သွင်းနိုင်ရန် ဆောင်ရွက်ခဲ့ရာမှ အသစ်ထွက်ရှိ
သော တန်ဖိုးနည်း GSM ဖုန်းများအတွက်လည်း
ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ GSM MEC Tel
- CDMA 800 MHz မိုဘိုင်းကွန်ရက်အတွက် အဆိုပ
ါ ဝန်ဆောင်မှု ရရှိဦးမည် မဟုတ်ကြောင်း၊ ဝ
က်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး ငွေဖြည့်သွင်းကာ
ငွေပေးချေရန်အတွက် Myan Pay Online
Payment Gateway အသုံးပြုထားကြောင်း
Myan Pay ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အွန်လိုင်းမှ ငွေဖြည့်သွင်းရာတွင် တစ်ခါတ
စ်ရံ၌ မိုဘိုင်းဖုန်းလိုင်းများ လိုင်းကျပ်၍သော်လည်
းကောင်း၊ မိမိအသုံးပြုသောဖုန်းသည် ဆက်သွယ်
ရေးဧရိယာပြင်ပသို့ ရောက်ရှိနေ၍သော်လည်း
ကောင်း အကြောင်းအမျိုးမျိုးကြောင့် အွန်လိုင်
းမှ ငွေဖြည့်သွင်း၍ မရခြင်းမျိုး ဖြစ်ပေ
ါ်နိုင်ကြောင်း၊ အဆိုပါအခြေအနေတွင် ဝက်ဘ်
ဆိုက်တွင် ဖော်ပြထားသော သို့မဟုတ် Email သို
့ ရောက်ရှိလာသော Top Up Card အချက်အလက်ကို
ကိုယ်တိုင်အသုံးပြု၍ ငွေဖြည့်သွင်းပေးရမည်ြ
ဖစ်ကြောင်း www.topup.com.mm တွင် ဖော်ပြထားသည်။

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post