(၇-၈-၂၀၁၃ - လေးမြို့ ညနေခင်းသတင်း)
RSV သတင်းဌာနမှ သြ၀ုတ် ၅ ရက်နေ့ ဖော်ပြသောမင်းပြားပညာရေးမှူးရုံးက
နေ့စားဝန်ထမ်းများ ထံမှ ငွေ ၃၀၀၀ိ/-ကောက်ခံသည် ဟူသော သတင်းနှင့်ပတ်သက်၍
ထိုသတင်းမှာ နားလည်မှု လွဲမှားနေခြင်းသာဖြစ်ကြောင်းနှင့် ငွေကောက်ခံရခြင်း၏အကြောင်းအရင်း
အမှန်ကို လူထုအားသိစေရန် လေးမြို့ သတင်းမီဒီယာမှ တဆင့် ယနေ့ (၇-၈-၂၀၁၃)တွင်
ပြန်လည်ရှင်းလင်းပြောကြားလိုက်သည်။
လူကြီးမင်းတို့ သတင်းဌာနမှ သြ၀ုတ် ၅ ရက်နေ့ ဖော်ပြသောမင်းပြားပညာရေးမှူးရုံးမှ
နေ့စားဝန်ထမ်းများ ထံမှ ငွေ ၃၀၀၀ိ/-ကောက်ခံခြင်းသတင်းအပေါ် ပြန်လည် ရှင်းလင်းလိုသည်မှာ ----
၁။ တစ်ဦးလျှင် ငွေ ၃၀၀၀ိ/-ကို လ/ထညွှန်ကြားရေးမှူး ဦးဝေဇံလှ မှ ကောက်ခိုင်းခြင်းမဟုတ်ပါ။
၂။ တစ်ဦးလျှင် ငွေ ၃၀၀၀ိ/- ကောက်ခံရခြင်းသည် -
(က) နေ့စားလပေးဝန်ထမ်းများအား Service Book (အမှုထမ်းစာအုပ်) ပြုလုပ်ပေးရန်၊ ၀န်ထမ်းကဒ်၊
ပ(စ်)ပို့ ကိုယ်ရေးအချက်အလက်များ ပြုစုရန်အတွက်လည်းကောင်း။
(ခ) နေ့စားလပေးဝန်ထမ်းများ အလုပ်ဝင်ရောက်ရာတွင် စနစ်တကျဖြစ်စေရန်အတွက်အလုပ်ဝင်ပုံစံ၊
ကိုယ်ရေးပုံစံစသည်တို့ကိုကွန်ပျူတာစီကာ ပြုလုပ်ပေးရာတွင် ကုန်ကျမည့် ကုန်ကျစရိတ်များ
အတွက်လည်းကောင်း၊ ကောက်ခံခြင်းသာဖြစ်ကြောင်း။
၃။ နေ့စားလပေးဝန်ထမ်းများ ရွေးချယ်ရန် လျှောက်လွှာခေါ်စဉ်ကလည်းလျှောက်လွှာဖိုးမယူဘဲ
မြို့နယ်ပညာရေးမှူးရုံးမှ အခမဲ့ထုတ်ပေးခဲ့ကြောင်း၊ ယခုရွေးချယ်ခံရသူများ အလုပ်ဝင်ရောက်သည့်
အခါ ၄င်းတို့အတွက် Service Book (အမှုထမ်းစာအုပ်)၊ကိုယ်ရေးမှတ်တမ်း၊ စသည်တို့ကို
ရုံးအသုံးစရိတ်ငွေမှ သုံးစွဲခွင့် မရှိသည့်အတွက်ကြောင့် ယခုကဲ့သို့ ငွေကောက်ခံရခြင်းဖြစ်ကြောင်း၊
၎င်းငွေကြေးကောက်ခံရခြင်းသည် ရုံးဝန်ထမ်းများ၏ အကျိုးခံစားခွင့် တစ်စုံတစ်ရာအတွက်
မဟုတ်ဘဲ ၄င်းနေ့စားလပေး ပညာရေးဝန်ထမ်းများ အလုပ်ဝင်ရောက်ရာတွင် အားလုံးအဆင်ပြေ
စေရန် ရည်ရွယ်ကောက်ခံခြင်းသာဖြစ်ကြောင်း၊
အဆိုပါငွေကိုမကောက်ခံမီငွေကောက်ခံရသည့် အကြောင်းကိုလည်းရှင်းပြခဲ့ကြောင်း၊ သို့သော်
လူထုကများလွန်းသည့်အတွက် နောက်မှ ရောက်လာသည့် အချို့မှာသိရှိနားလည်နိုင်ခြင်းမရှိဘဲငွေကောက်ခံခြင်းအပေါ် ယခုကဲသို့ အထင်လွဲမှားပြီး
မကျေနပ်မှုများရှိခဲ့မည် ဖြစ်ကြောင်း၊ ငွေကောက်ခံရာတွင်လည်းငွေကြေးအပြည့်အစုံမပါသူများ၊
ငွေကြေးအခက်အခဲရှိသူများအားငွေကြေးမကောက်ခံဘဲ အလုပ်ဝင်စာများကို လက်ခံခဲ့ကြောင်း
သိရှိရပါသည်။
ယခုသတင်းသည် အလွန်အရေးကြီးသောဌာနဆိုင်ရာသတင်းဖြစ်ပြီးမလိုလားအပ်သော
နောက်ဆက်တွဲ ပြသနာများရှိလာနိုင်သည့်အတွက် သတင်းမှန်ကန် ခိုင်လုံရန်အလွန်အရေးကြီး
ပါသည်။
သို့ဖြစ်ပါသောကြောင့် အဆိုပါ လူကြီးမင်းတို့ဖော်ပြခဲ့သောမင်းပြားပညာရေးငွေ ၃၀၀၀ိ/-
ကောက်ခံခြင်းသတင်းနှင့်ပတ်သက်ပြီး ဖြစ်နိုင်ပါကသတင်းမှန်ရရှိနိုင်အောင် ဌာနမှ သက်ဆိုင်သူ
များကိုတိုက်ရိုက်မေးမြန်းပြီးလိုအပ်ပါကသတင်းမှန်ကိုအချိန်မီ ပြန်လည်ဖော်ပြပေးနိုင်ရန်
အသိပေးအပ်ပါသည်၊
အသေးစိတ်သိရှိ့မေးမြန်းလိုပါက (Ph ; 043-75016) နှင့် (Ph ; 09 421713106) တို့ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။
ရုံးတာဝန်ရှိသူများအဖွဲ့ 
(ပညာရေးမှုးရုံး )
မင်းပြားမြို့ ။
-----------------------------------
မာရုသူရ (လေးမြို့ )
လေးမြို့ သတင်းမီဒီယာ
