မန်းကားလောက၏အကြီးမားဆုံးလိမ်လည်မှုအဖြစ်ကျပ်သိန်းလေးသောင်းကျော်အလိမ်ခံရမှုဝယ်ရောင်းသမား သုံးဆယ်ခန့် ယနေ့ စာနယ်ဇင်းရှင်းပြ


မန္တလေး၊ အောက်တိုဘာ ၅

မန္တလေးကားလောကတွင်အကြီးမား
ဆုံးလိမ်လည်မှုအဖြစ် ငွေကျပ် သိန်းလေးသောင်းကျော်အ
လိမ်ခံရမှုကားဝယ်ရောင်းသမား သုံးဆယ်ခန့်ယနေ့ နေ့လည်က
သတင်းစာရှင်းလင်းပွဲတစ်ရပ
်ပြုလုပ်ခဲ့သည်။

သြဂုတ် ၁ရက်နေ့တွင်လင်းကမ္ဘာကုမ္မဏီနှင့်
ထူးပီတိ ကုမ္မဏီမှ ပြုလုပ်သည့် ကားအရောင်းပြပွဲတွင် ကားဝယ်ရောင်းအများစု ရန်ကုန်ဈေး
နှင့် ဈေးကွာခြားကာ ၁၀သိန်းမှ
သိန်း ၅၀ခန့်အထိ တခြားကုမ္မဏီများနှင့် ဈေးကွာခြားကာ သက်သာသောကြောင့် ၀ယ်ရောင်းသမားအများစု ၀ယ်ယူခဲ့ကြသည်။

ကားဝယ်ယူရာ စာချုပ်ချုပ်ဆိုရာတွင် ထူးပီတိနှင့်စာချုပ်ချုပ်ပြီး ကားအား လင်းကမ္ဘာကုမ္မဏီတွင် သွား ရောက်ထုတ်ယူရကြောင်း ကားအား
ဝယ်ယူပြီး သုံးပတ်အတွင်း လိုင်စင်၊ OwnnerBook အပြီးစီးလုပ်ပေးမည် ဖြစ်ပြီး သုံးပတ်အတွင်း ယာယီလိုင်စင်ဖြင့် စီးနင်းရမည်ဖြစ်ကာ ငွေအား အပြီးစီးပေးချေရကြောင်း အဆိုပါရှင်း လင်းပွဲတွင် ကားဝယ်ရောင်းသမား များက ပြောသည်။

ယခု နှစ်လခန့်ကြာသည်အထိ လိုင်စင်ရရှိခြင်းမရှိသေးသောကြောင့် အဆိုပါကားကုမ္မဏီနှစ်ခုအား ဆက်သွယ်သောအခါ ထူးပီတိ ပိုင်ရှင် ကိုကျော်နိုင်စိုး ဆိုသူမှာ တိမ်းရှောင်နေပြီး
လင်းကမ္ဘာကုမ္မဏီပိုင်ရှင်ဟု ဆိုသူ ဦးအောင်ရဲလင်းအား ဆက်သွယ်သောအခါ ၄င်းနှင့် ဦးကျော်နိုင်စိုးမှာ ယခုကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ခြင်းမရှိကြောင်း ယခုကားကိစ္စတွင် ၄င်းလက်မှတ်
ထိုး၍ ချုပ်ဆိုထားသော ကား ၃၅စီးကိုသာ ဖြေရှင်းပေး သွားမည်ဖြစ်ကြောင်း ကားဝယ်ရောင်းသမားတစ်ဦးက ဆိုသည်။

ယခုကားစလစ်၊ ယာဉ်စစ်၊ နံပါတ်ရပြီး ယာဉ်လိုင်စင်မရသေးသည့် ကား ၉၃စီး၊ ယခုကားစလစ်၊ ယာဉ်စစ်၊ နံပါတ်၊ ယာဉ်လိုင်စင် မည်သည်မျှမရသေးဘဲ ကားချည်း သက်သက်သာရထားသည့် ကား
အစီးရေ၁၅၀ရှိကြောင်းကားဝယ်
ရောင်းသမားများက ဆိုသည်။

ကားသွားထုတ်တော့ သော့ကိုင်ကတစ်ယောက်၊ တံခါးဖွင့်ပေးသူကတစ်ယောက်
၊ စာချုပ်ချုပ်တော့ လည်း ၀န်ထမ်းတွေနဲ့ပဲချုပ်ရတယ်။ အဲ့ကတည်းက တော့ နည်းနည်းရိပ်မိတယ်။ အခု ဘယ်သူ့ကို အဖေခေါ် ရမှန်းမသိဘူး။ အခုလိုင်စင်ပြန်လျှောက်မယ်ဆိုလည်း ကားဖိုးလောက်ထပ်ကျနေတော့ အဆင်မပြေပြန်ဘူး။ အမှုဖွင့်ရင်လည်း သက်သေခံအဖြစ်ကားကို သိမ်းထားမှာလည်းစိုးရသေးတယ်။ အခု အလိမ်ခံရသူအားလုံး တိုင်ပင်ပြီးတစ်ခုခုတော့လုပ်မယ်။ နည်းနည်းတော့ စောင့်ကြည့်ဦးမယ်ဟု ကျပ်သိန်း ၈၀၀ကျော်တန်ဖိုးဖြင့် ကား ငါးစီးဝယ်ထားသူ တစ်ဦးက ပြောသည်။
ယခုကိစ္စတွင် လင်းကမ္ဘာကုမ္မဏီပိုင်ရှင် ကိုအောင်ရဲလင်းနှင့် ထူးပီတိပိုင်ရှင် ကိုကျော်နိုင်စိုး ပတ်သက်မှု မရှိဟု ကိုအောင်ရဲလင်းက ပြောကြားသော်လည်း ၄င်းတို့မှာ လွန်ခဲ့သည့် ၁၅နှစ်ခန့်မှ လုပ်င
န်းများအတူတွဲလုပ် ကြကြောင်း ယခုကားလုပ်ငန်းမှမဟုတ်ဘဲ တခြားလုပ်ငန်းများလည်း တွဲဖက်
လုပ်ငန်းများလည်း လုပ်ကိုင်ကြောင်း ထူးပီတိပိုင်ရှင် ကိုကျော်နိုင်စိုးနှင့် နှစ်သုံးဆယ်ခန့် တပည့်အဖြစ်လုပ်ကိုင်ခဲ့သော ကိုစိုးမင်းက Popular News
Journal သို့ ပြောသည်။

ကိုကျော်နိုင်စိုးဝယ်တဲ့အချိန်က စလစ်ဈေးတွေက ၉၀ကျော်ပဲရှိသေးတာ။
နောက်ပိုင်း စလစ်ဈေးတွေက တစ်ဖြေးဖြေးတက်လာတယ်။ အဲ့တော့ သူဘက်က အရှုံးပြလာတယ်။ အဲ့
ဒါကြောင့် ဒီလိုလုပ်လိုက်တာဖြစ်နိုင် တယ် ဟု ကိုစိုးမင်းက ပြောသည်။
ဖိုးလပြည့်

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post