လှိုင်သာယာတွင် သေနတ်ဖြင့်ရမ်းကား


လှိုင်သာယာမြို့နယ်၊ အမှတ် ၁ ရပ်
ကွက်၊ ဦးဥတ္တမလမ်းတွင်
အောက်တိုဘာလ ၂၉ရက် မွန်းလွဲ ၃နာ
ရီ မိနစ် ၃၀ အချိန်ခန့်တွင် လူတစ်ဦးမှ သေနတ်ကိုင်၍ ရမ်းကားမှု ပြုလုပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

စောနေလင်း (ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းပြည်သူ့စစ်
ဌာန(ဌာနေ) ဗိုလ်ကြီးအဆင့်ရှိသူ)သည် ယမန်နေ့က ယောက္ခမ
အိမ်သို့ သွား ရောက်စဉ် ထွန်းထွန်းဝင်း (ခ) ဂဏန်းဆိုသူမှ လမ်း မဖယ်သည့်ကိစ္စနှင့် စကားများရာ စောနေလင်းမှ အသင့်ယူလာ
သော ပစ္စတိုသေနတ်နှင့် ချိန်ရွယ်
ခဲ့ကြောင်းသိရ၍ ရဲတပ်ဖွဲ့မှ
ခေါ်ယူစစ်ဆေးခဲ့ကြောင်း ရန်ကုန်
တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“ရပ်ကွက်ထဲမှာ ရှိတဲ့ သူ့ယောက္ခမ
အိမ် လာလည်ရင်းသူ့ဇနီးနဲ့ အပြင်ထွက် လက္ဘရည်သောက်ပြီး ပြန်လာတာ၊
လမ်းထဲမှာ ကားမောင်းတား ကြမ်းတ
ယ်ဆိုပြီး ဂဏန်းကဆဲလိုက်တယ်။ အဲဒီမှာ သူက သေနတ်နဲ့ထုတ်ပြီး ချိန်
တော့တာပဲ” ဟု လှိုင်သာယာမြို့နယ်
၊ အမှတ် ၁ ရပ်ကွက်၊ ရပ်ကွက်အုပ်
ချုပ်ရေးမှူး ဦးမောင်မောင်အေး
က PeoplePower သတင်းစာသို့ ပြောကြားသည်။

၎င်းထံမှ သေနတ်နံပါတ် CZ 75 B CAL 9
Luger ၉ မမပစ္စတို တစ်လက်၊ ပစ္စတိုကျည်အိမ် တစ်ခု၊ ၉ မမ ကျည်
၁၄ထောင့်တို့ သိမ်း ဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်မှူးရုံးမှ သိရသည်။
နယ်ကျော်ကာ ရပ်ကွက်အတွင်း တရား
ဝင်ကိုင်ဆောင်ခွင့်မရှိသော ပစ္စတိုသေနတ်အား ကိုင်ဆောင်သူအား လှိုင်သာယာမမစ (ပ) ၁၂၅၃/ ၁၃၊ လက်နက်ပုဒ်မ ၁၉ (စ)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းရန်ကုန်
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

People power

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post