ထင်းမီးနဲ့ အိုင်ဖုန်းအားဖြည့်မယ်၊ ရေကျိုမယ်


ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၂၀ ကျော်ဆိုတော့ ၁ သိန်းဝန်းကျင် တန်ဖိုးရှိမယ့် ပစ္စည်းလေး ဖြစ်ပါတယ်။
BioLite Stove လို့အမည်ပေးထားပြီး ထင်းမီးထည့်လိုက် ရင်ရေကျိုချက် လို့ရမယ်၊ ဖုန်းအားလည်း သွင်းလို့ရမှာ ဖြစ်ပါတယ်။
သို့ပေမယ့် ဖုန်းကတော့ အိုင်ဖုန်းပဲ ဖြစ်ပါတယ်။
အိုင်ဖုန်းဘယ်အမျိုးအစားကိုမဆို အားသွင်းလို့ ရပါတယ်။
ရေတစ်လီတာ ကျိုချက်ဖို့ကိုလည်း ၄ မိနစ်ဝ
န်းကျင်ပဲ ကြာပါ တယ်။
ဒါက ကိုယ်ထည့်တဲ့ ထင်းမီးပမာဏပေါ်လည်း မူတည်ပါတယ်။ ထင်းမီးတစ်ခုတည်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။
လောင်နိုင်တဲ့ဘယ်လိုလောင်စာအမျိုးအစားကိုမဆို အသုံးပြုလို့ မီးမွေးလို့ရမှာ ဖြစ် ပါတယ်။ယင်းမီးကနေ အပူထွက်မယ်။ ယင်းအပူကို သာမိုအလက်ထရစ် ဂျန်နရေတာ က ဆွဲယူပြီး လျှပ်စစ်ဓာတ်အား ထုတ်ပေးပါမယ်။ ယင်း လျှပ်စစ် ဓာတ်အား က USB ပေါက်ကနေ Apple တို့Gadget တိုင်းကို အားသွင်းလို့ ရမှာ ဖြစ် ပါတယ်။ Android အတွက်လည်း ရှိတယ်လို့ ဆိုပါတယ်။ ဖုန်းတင်မကပဲနဲ့ အခြားသောအီလက်ထရောနစ်ပစ္စည်းများကိုလည်း အားသွင်းနိုင်မှာ ဖြစ်ပါ တယ်။

အသေးစိတ်အချက်အလက်များကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

From : YoYarLay

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post