NLD လူငယ်ညီလာခံ ကျင်းပမည့်ရက်ကို တစ်နို င်ငံလုံး လူငယ်အဖွဲ့ဝင်အင်အား စာရင်းရရှိပြီး မှသာ သတ်မှတ်မည်

်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်ညီလာခံ ကျင်းပမည့်ရက်ကို တစ်နိုင်ငံလုံး လူငယ်
အဖွဲ့ဝင်အင်အား စာရင်းရရှိပြီးမှသာ သတ်မှတ်သွားမည်ဟု NLD လူငယ်ညီလာခံ ကျင်းပရေး
ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောကြားသည်။

လက်ရှိတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ၀င်ရောက်နိုင်ရန် ပုံစံများ ရောင်းချပေးနေဆဲ အဆင့်သာရှိသေးပြီး အဆိုပါ စာရင်းများအားလုံး
တက်လာပြီးမှသာ ကျင်းပမည့်ရက်ကို သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖျင်း အနေဖြင့်မူ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ သို့မဟုတ် ၂၀၁၄ ခု
နှစ် ဇန်န၀ါရီအတွင်း ကျင်းပရန် ရည်ရွယ်ထားကြောင်း ဦးမောင်မောင်ဦးက ပြောကြားသည်။
"အခုက ရန်ကုန်တိုင်းက မြို့နယ်တချို့ကပဲ ပြန်ဝင်လာတုန်း ရှိသေးတယ်။

အဲဒါတွေ အားလုံးပြီးမှ တစ်နိုင်ငံလုံးက ၀င်လာတဲ့ Form တွေရဲ့ အင်
အားစာရင်းကို ချိန်ပြီးတော့မှ ဘယ်နေ့ဆိုတာသတ်မှတ်ရမယ်" ဟု ဦးမောင်မောင်ဦးက ပြောကြားသည်။

လူငယ်အဖွဲ့ဝင်အတွက် အသက် ၁၆ နှစ် နှင့် ၃၅နှစ်အကြား မြန်မာနိုင်ငံသား မည်သူမဆို လျှောက်ထားနိုင်ပြီး မြို့နယ်တစ်ခုချင်းစီအလိုက်
Form တစ်စောင်လျှင် ကျပ် ၂၀၀ နှုန်းဖြင့် ၀ယ်ယူကာ အဖွဲ့ဝင်အဖြစ် လျှောက်ထားစေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူငယ်ညီလာခံတွင် တိုင်းနှင့်ပြည်နယ်
အသီးသီးမှ တက်ရောက်လာမည့် လူငယ်ကိုယ်စားလှယ်များက ရွေးချယ်ကာ အဖွဲ့ချုပ် ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ကို ရွေးချယ်တင်မြှောက်ခြင်း၊
စာတမ်းတင်သွင်းခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူငယ်ညီလာခံမှတစ်ဆင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကို
ယ်စားလှယ်လောင်းများကို ရွေးချယ်သွားဖွယ်
ရှိသည်ဆိုသော သတင်းများ ထွက်ပေါ်နေခြင်းအပေါ်လက်ရှိအချိန်ထိဘာမှမသိရသေးကြောင်းနှင့် အဖွဲ့ချုပ် မူဝါဒတွင်မူ လူငယ်များကို ဦးစားပေးမည်ဟူသော ရည်ရွယ်ချက်ရှိကြောင်း ဦးေ
မာင်မောင်ဦးက ပြောကြားသည်။
"အဖွဲ့ချုပ်ရဲ့ မူဝါဒတွေကိုက အဖွဲ့ချုပ်မှာ အထူးသဖြင့် အမျိုးသမီးတွေနဲ့ တိုင်းရင်းသား လူငယ်တွေကို ဦးစားပေးမယ် ဆိုတာက နဂိုကတည်းက
အဖွဲ့ချုပ်မူမှာ ရှိပြီးသားပဲ" ဟု ဦးမောင်မောင်ဦး
က ပြောကြားသည်။

တစ်နိုင်ငံလုံးတွင် လူငယ်ကော်မရှင်များ ဖွဲ့စည်းခြင်း အနေဖြင့် ခရိုင် ၆၇ ခရိုင်တွင် ၆၆ ခရိုင် ပြီးစီးနေပြီဖြစ်ပြီး မြို့နယ်ပေါင်း ၃၃၀ တွင်၂၂၆ မြို့နယ် ပြီးစီးနေပြီဖြစ်ကြောင်း၊ ကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ နားလည်မှု ကွဲလွဲသည့် တိုင်စာအနည်းငယ်သာရှိပြီး ပြဿနာများရှိနေသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းလည်း
ဦးမောင်မောင်ဦးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၅ နှစ်အတွင်းပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို
၂၀၁၃ ခုနှစ် မတ် ၈ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

From : Eleven Media
Group

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post