စစ်တွေမြို့တွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်း စုစုပေါင်း ၂၂ ဖွဲ့သာရှိကြောင်း UNOCHA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

စစ်တွေမြို့တွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ
အဖွဲ့အစည်းစုစုပေါင်း၂၂ဖွဲ့သာရှိကြောင်းနှင့်
ပွင့်လင်းမြင်သာမှုမှာ ယင်းအဖွဲ့များနှင့်သာ သက်ဆိုင်ကြောင်း UNOCHA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပဋိပက္ခဖြစ်ပွားရာ ဒေသနှင့် ဆက်ဆံရေးအရာရှိ (Communi-cations with Affected Communities Officer) Jon Bugge က ပြောကြားခဲ့သည်။

အဆိုပါ အဖွဲ့အစည်းများမှာ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်း ရှစ်ဖွဲ့၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော
(INGO) အဖွဲ့အစည်း ၁၄ ဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့
ဖြစ်ကြောင်း သိရသည်။ယင်းအဖွဲ့များ
အနေဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခအား တုံ့ပြန်ဆောင်ရွက်မှုများလုပ်ဆောင်လျက်ရှိ
ကြောင်းလည်း Jon Bugge က ပြောကြားသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် တရားမ၀င်သော လိုင်စင်မဲ့ကားများကို အသုံးပြုခွင့် ရှိပါသလား။ အတွင်းမှ စီး
နင်းသူကို အပြင်ဘက်မှ မမြင်ရသည့် အနက်ရောင်ကားများကိုအသုံးပြုခွင့်ရှိသလားဟု မေးမြန်းခဲ့ရာတွင် JonBugge က ''မျက်မှန်တပ်ထားတာလည်း ပွင့်လင်းမြင်သာမှု မရှိတာဘဲ။ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေနဲ
့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း(INGO) တွေဟာ အဲဒီအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ဖြစ်စေ၊ဆောက်ရွက်နေတဲ့လုပ်ငန်းတွေအပေါ်မှာဖြစ်စေ၊ နောက်ဆောင်ရွက်မယ့် ကိစ္စတွေဖြစ်စေ ပွင့်လင်းမြင်သာမှု ရှိရမယ်လို့ ကတိက၀တ်ပြုထားကြတာရှိတယ်။ အဲဒီ ကတိကို လိုက်နာမှု ရှိမရှိကတော့ အဲဒီအဖွဲ့တစ်ခုချင်းစီနဲ့ သက်ဆိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။

သို့သော် ထိုထက်မက အဖွဲ့များစွာ ရှိနိုင်သေးကြောင်းနှင့် စစ်တွေမြို့တွင် နိုင်ငံတကာ အဖွဲ့အစည်းများကြောင့် အိမ်
ငှားရမ်း နေထိုင်သော ဈေးနှုန်းများ အဆမတန် မြင့်မားလာသဖြင့် ဒေသခံများအပေါ်တွင် ထိခိုက်မှုများစွာ ရှိနေကြောင်းနှင့် ရပ်စည်း၊ရွာစည်းများကို ချိုးဖောက်ခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းများကို ပြုလုပ်နေခြင်းများရှိကြောင်းလည်း ဒေသခံ လူမှုအဖွဲ့အစည်းများနှင့် မြို့သူမြို့သားများက ပြောဆိုကြသည်။

စစ်တွေမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက ''ပွင့်လင်းမြင်သာမှုရှိတယ် ဆိုရင် ရုံးခန်းတွေမှာ ဆိုင်းဘုတ်တင်ရမယ်။ နောက်ပြီး ဘယ်သူတွေကို ဘယ်ပစ္စည်းတွေ ထောက်ပံ့နေတယ်။ ဘယ်အချိန်အထိ ထောက်ပံ့ပေးမယ်ဆိုတာကို ချပြပေးနိုင်
တဲ့ သတ္တိရှိရမယ်'' ဟု ပြောကြားခဲ့သည်။
နိုင်ငံခြားအဖွဲ့အစည်း ၂၂ ခု ရှိသည်ဆိုပါက ရုံးခန်းအဖြစ် ငှားရမ်းသော နေအိမ် ၂၂ အိမ်နှင့် လူနေရန် ငှားရမ်းသော နေအိမ် ၂၂ အိမ်၊ စုစုပေါင်း ၄၄ အိမ် သာရှိရမည်ဖြစ်သော်လည်း အိမ်ပေါင်းရာနှင့်ချီပြီး ငှားရမ်းနေထိုင်ခြင်းများ ရှိနေကြောင်း ဦးသန်းထွန်းကပင် ပြောကြားခဲ့သည်။

From : Eleven


SHARE THIS
Previous Post
Next Post