ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ ငြိမ်းချမ်းရေးကိစ္စတွင်အမျိုးသမီးများ ပါဝင်ဆောင်ရွက်သွားမည်


Friday, November 1, 2013

မြန်မာ့နိုင်ငံရေးနှင့် အနာဂတ်နိုင်ငံတော် ဒီမိုကရေစီဖော်ဆောင်ရေးတွင် အဓိကဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုများ၌
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အစည်းအဝေး အမှတ် (၁၃၂၅)နှင့်အညီ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် ပဋိပက္ခဖြစ်စဉ်များ
မတည် ငြိမ်မှုများတွင် မြန်မာအမျိုးသမီးမျာ
းအနေဖြင့် ပါဝင်ဆောင်ရွက်ခြင်းဖြင့် မြ
န်မာနိုင်ငံ၏ ငြိမ်း ချမ်းရေးဖော်ဆောင်မှုတ
ွင် အမျိုးသမီးများ၏ အခန်းကဏ္ဍဘက်မှ ပါဝင်ဆောင်ရွက်သွားမည် ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြောသည်။

လက်ရှိတွင် နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်ဦးရွက်ပြုလျက်
ဆောင်ရွက်ဆဲဖြစ်သည့် ပြည်တွင်းငြိမ်းချမ်း
ရေးဖော်ဆောင်မှုလုပ်ငန်းစဉ် များတွင် မြ
န်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် အနြေ
ဖင့် အဆိုပါအခန်းကဏ္ဍတွင် ပါဝင်ဆောင် ရွက်နိုင်ရေးအတွက်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်နှင့် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေး အဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် ငြိမ်းချမ်း ရေးအတွက်အမျိုးသမီးများပါဝင်ဆောင်ရွက်ရေး ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့စဉ် ဒေါ်ဒွဲဘူ က အထက်ပါ
အတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

ထိုသို့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်
မှု လုပ်ငန်းစဉ်များကဲ့သို့အခြားသော
ဒေသများ၌ ဆူပူအကြမ်းဖက်မှုများ၊ ဒေသတွင်းမတည်ငြိမ်မှုများစသည့်အခြေအနေအရပ်ရပ်တို့ကို
နိုင်ငံတော် အနေဖြင့်ကိုင်တွယ်ဖြေရှင်း
ရာတွင် မြန်မာနိုင်ငံ တွင်း လူဦးရေတစ်ဝက်
ကျော်ခန့်ရှိသော အမျိုး သမီးများအနေဖြင့် စုစည်းဆက်စပ်ကာငြိမ်းချမ်းရေးကဏ္ဍရပ်တို့၌ပါဝင်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ''ကျွန်မအမျိုးသမီးကဏ္ဍက နေပြီး စုစုစည်းစည်းအင်အားပြပြီး ဒီငြိမ်းချမ်း ရေးကိစ္စတွေကိုတင်ပြနိုင်မယ်၊ လုပ်ဆောင်နိုင် မယ်ဆိုရင် ကျွန်မတို့ အမျိုးသမီးအင်အားကို နိုင်ငံတော်ကနေပြီးတော့အများကြီးအသုံးပြုနိုင် မယ်၊ ဒီနေ့ဆွေးနွေးပွဲလိုမျိုးပေါ့။

နိုင်ငံတော် ငြိမ်း ချမ်းရေး
မှာ အမျိုးသမီးတွေပါဝင်ဖို့ဆိုတာ သိပ် ကိုအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တယ်။ နောက်တစ်ချက်ကတော့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အစည်း
အဝေးဆုံးဖြတ်ချက်အမှတ် (၁၃၂၅)မှာဆိုရင်လည်းအမျိုးသမီးတွေဟာ ပြည်တွင်းငြိမ်းချမ်းရေးမှာ ပါဝင်ပတ်သက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့အတွက်
ကျွန်မတို့မှာလဲ တာဝန်ရှိတယ်။

ဒါကြောင့် အခုလိုမြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အနေနဲ့ ဒီဆွေနွေးပွဲ ကို စတင်ခဲ့တာဖြစ်တ
ယ်''ဟု ၄င်းကပြော သည်။

ပြည်တွင်းရှိ မငြိမ်သက်မှုများ ဖြစ်ပေါ်နေ
သည့် နေရာဒေသများတွင် အဓိကအားဖြင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအများဆုံးခံစားကြ သူများမှာ အမျိုးသမီးများဖြစ်ပြီး ကလေးသူငယ် များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်နေ ခြင်းရှိသောကြောင့်ပြောင်းလဲတိုးတက်လာသည့်ခေတ်အပြောင်းအလဲတွင် ထိုသို့ ခံစားမှုမျိုးမဖြစ်ပေါ်စေရေးအတွက် လုပ်ဆောင်နိုင်သည့် က
ဏ္ဍမှနေပြီး လုပ်ဆောင်ပေးကြရန် အမျိုးသမီးများတွင်တာဝန်
ရှိကြောင်းနှင့်ယခုကဲ့သို့ ဆွေး နွေးပွဲမှရလ
ဒ်များကိုလည်းအောက်ခြေရှိအမျိုး သမီးရေးရာအဖွဲ့များသို့လည်းကောင်း၊ အခြား သောအမျိုးသမီးများ
သို့လည်းကောင်းလက်ဆင့်ကမ်းဖြန့်ဝေသွားမည်ဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောသည်။

ယနေ့၌ ကုလသမဂ္ဂဋ္ဌာနေညှိနှိုင်းရေးအဖွဲ
့ အစိုးရဝန်ကြီးဌာနများ၊
လွှတ်တော်ရေးရာဆပ်ကော်မတီဝင်လွှတ်တော်ကိုယ်စားလှယ်များ
၊အရပ်ဘက်အဖွဲ့အစည်းများမှသက်ဆိုင်ရာတာဝန် ရှိသူများနှင့်
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ ချုပ်တို
့၏ ပြည်တွင်းငြိမ်းချမ်းရေး
ဆိုင်ရာဆွေးနွေး ပွဲပြုလုပ်ခြင်းသည် မြန်
မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် ထူထောင်မှုကာလအတွင်း ပထမဆုံးအကြိမ်ဆွေးနွေးပွဲဖြစ်ကြောင်း
သိရသည်။

The Union Daily

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post