မောင်တောမြို့၊ မြို့မစည်ပင်သာယာရေဈေးကွင် မီးလောင်မှုဖြစ်

စစ်တွေ-နိုဝင်္ဘလာ-၂၄

မနေ့ည(၇)နာရီ (၁၀)မိနစ်ခန့်တွင် မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်ရှိ၊ မြို့မစည်ပင် သာယာဈေး၊ ဆိုင်ခန်းအမှတ် 2B ၁၁/၁၂၊ အလှကုန်နှင့် ဖိနပ်ဆိုင်တို့မှ မီးစတင်လောင်ကျွမ်းခဲ့ရာ မီးသတ်ကား (၂)စီး၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ရဲတပ်ရင်း၊ စည်ပင်သာယာအင်အား၊ ရပ်ကွက်သူ/သားများမှ ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ မကြာမီ နာရီဝက်ခန့်တွင်မီးငြိမ်းသွားခဲ့ပါသည်။

ဖြစ်စဉ်တွင် ဆိုင်ခန်း(၂)ခန်းမီးလောင်ခဲ့၍ ခန့်မှန်းဆုံးရှုံးမှုတန်ဘိုး(၁၀)သိန်းကျပ်ခန့်ရှိပြီး မီးစတင်လောင်ကျွမ်းရသည့်အကြောင်းအရင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းခဲ့ပါသည်။
ဖြစ်ပုံကခြင်ဆေးခွေထွန်းပြီး၊မငြိမ်းဘဲဈေးပိတ်သွားရာကဖြစ်တယ်လို့သိရပါတယ်။

ဆိုင်ခန်းပိုင်ရှင်က အဘူဘော်ကော်ဖြစ်
ပါတယ်- ဒုရဲအုပ်ငွေထွန်းက တရားလိုပြုပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အရေးယူရန် အမှုဖွင့်ထားပြီး ဖြစ်ပါတယ်ခင်ဗျား။

From : သာစွဌာနေ ရခိုင်ပြေ


SHARE THIS
Previous Post
Next Post