လေးမြို့ ပေးစာကဏ္ဍ ( မင်းပြား ၊ မြို့ နယ်အုပ်ချုပ်ရေးမှုးထံသို့ ပေးစာ)

သို့ /
မြို့ နယ်အုပ်ချုပ်ရေးမှုး
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မင်းပြားမြို့ ။

အကြောင်းအရာ။   ။ဖုန်းခွဲဝေပုံကို ကျေနပ်မှုမရှိကြပါသဖြင့် ပြန်လည်ဖြေရှင်းပေးပါရန် တင်ပြခြင်း။

၁။ ကျွန်တော်တို့ သည် မင်းပြားမြို့ နယ် ၊ နားရမ်းကျေးရွာအုပ်စုဝင် ရွာများမှ ရွာသားများဖြစ်ကြပါသည်။ကျွန်တော်တို့  နားရမ်းကျေးရွာအုပ်စုတွင်ကျေးရွာပေါင်း(၇)ရွာ ပါရှိပြီးရခိုင်ရွာ(၆)ရွာ နှင့် ဘင်္ဂလီရွာ (၁)ရွာပါဝင်ပါသည်။ ပြီးခဲ့သော အောက်တိုဘာလပိုင်းက ကျေးရွာများသို့ 
မဲစနစ်ဖြင့် ဖုန်းများ ချထားပေးရာတွင် ကျွန်တော်တို့ နားရမ်းအုပ်စုအတွက် ဖုန်း (၈)လုံးပါဝင်ကြောင်း သိရသည်။

ထိုဖုန်းများကို ကျေးရွာအုပ်စုဥက္ကဠ (၁)လုံး ၊ အုပ်စုစာရေး (၁)လုံး ယူလိုက်သည်ဟု သိရပါသည်။ကျန်(၆)လုံးအား နိုင်ငံသားမဟုတ်သည့် ဘင်္ဂလီရွာကို ချန်လှပ်ပြီး ရခိုင်(၆)ရွာအား တစ်လုံးကျစီ ခွဲဝေပေးသည်ဟု သိရပါသည်။

သို့ ရာတွင် ကျွန်တော်တို့ ရွာများအတွက် ခွဲတမ်းရရှိလာသည့် ဖုန်းများကို
ခွဲဝေပေးရာတွင် မည်သို့ ၊ မည်ပုံခွဲဝေခဲ့သည်ကို ရွာသူ/သားများအား
အသိပေးခြင်းမရှိခဲ့ပါ။နားရမ်းရွာကြီးတွင်
ဦးမောင်သာညွှန့်  ဆိုသူက ယူထားပါသည်။ နားရမ်းရွာချေတွင် ဦးမောင်စိန်လှ ဆိုသူက ယူထားပြီး ကံရွာတွင်ဦးဦးသိန်းဖြူ ဆိုသူက ယူထားပါသည်။

၂။ သို ဖြစ်ပါ၍ ကျွန်တော်တို့ တင်ပြလိုသည်မှာ ကျေးရွာအုပ်စု စာရေးအနေဖြင့် ဖုန်း(၁)လုံး မယူထားသင့်ပါဟုထင်မြင်မိကြပါကြောင်း နှင့် အုပ်စုစာရေးဆိုသူသည် အစိုးရ၀န်ထမ်းဖြစ်ပြီး လွန်ခဲ့သော(၂၀၁၂)နှစ် ၊ အောက်တိုဘာအရှေ့ ပိုင်းက ၀န်ထမ်းများအား အရစ်ကျစနစ်ဖြင့် ဖုန်းများရောင်းချခဲ့စဉ်ကလည်း  ဖုန်း(၁)လုံးရယူထားပြီးဖြစ်ကြောင်း သိရပါသည်။

၃။ ကျွန်တော်တို့ နားရမ်းရွာကြီး ၊ နားရမ်းရွာချေ ၊ ကံရွာတို့ တွင် ရရှိခဲ့သော ဖုန်းများကိုလည်း မည်သို့ ၊မည်ပုံ
ခွဲဝေပေးခဲ့ သည်ကို ရွာသူ/သားများအား ပွင့်လင်းမြင်သာစွာဖြင့် မဲစနစ်အရ ၊ ရွာသူ/သားများ၏ အများဆန္ဒသဘောအရသာ ခွဲဝေပေးသင့်ပါကြောင်း တင်ပြအပ်ပါသည်။
                              
                     တင်ပြသူများ
                                                                          
၁။ ဦးသိန်းထွန်းအောင်    ( ကံရွာ )        
၂။ ဦးမောင်သောင်းစိန်     ( ကံရွာ )
၃။ ဦးအောင်ကျော်သာ( နားရမ်းရွာချေ )           ၄။ ဦးအောင်ကျော်လှ     ( နားရမ်းရွာချေ )ှ
၅။ဦးမောင်သာထွန်း(နားရမ်းရွာကြီး)               ၆။ ဦးကျော်မြစိန်     ( နားရမ်းရွာကြီး )

ပေးပို့ သူ
ဦးကျော်မြစိန်


SHARE THIS
Previous Post
Next Post