ရန်ကုန်ခိုးဝင် ဘင်္ဂါလီ လူမျိုး ၇ ဦးကို မှတ်ပုံတင်ရေးဥပဒေဖြင့် အရေးယူ

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ရန်ကုန်သို့ ခွင့်ပြုချက်လက်မှတ်မပါဘဲရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုး(၇)ဦးကိုပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးဥပ
ဒေဖြင့်နိုဝင်ဘာလ ၂၇ ရက်နေ့က အမှုဖွင့်အရေးယူထားသည်ဟုရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က မှော်ဘီမြို့နယ်အမှတ်(၄)လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကိုဖြတ်သန်း၍ပြည်ဘက်မှရန်ကုန်ဘက်သို့မောင်းနှင်လာသော ၃ဂ/၈၄၄၉Pajeroခဲရောင်ယာဉ်ပေါ်၌ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ Pajero ခဲရောင်ယာဉ်အား မှော်ဘီမြို့နယ်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနဦးစီးအရာရှိနှင့်အဖွဲ့က တားဆီးစစ်
ဆေးရာတွင် ၎င်းယာဉ်မှာ ရပ်တန့်ခြင်း မရှိဘဲမောင်းနှင်ထွက်ပြေးသွားသောကြောင့် တာဝန်ရှိသူများမှလိုက်လံဖမ်းဆီးခဲ့ရာရန်ကုန်-ပြည်လမ်း တိုက်ကြီးကုန်းကျေးရွာ လေတပ်ေ
ကွ့အရောက်၌ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည် ဟု မှော်ဘီမြို့နယ်ရဲစခန်းမှ သိရသည်။

“ဘယ်လမ်းကြောင်းတွေကနေလာတယ်။ ဒီကိုဘာလာလုပ်တယ်စတဲ့ အမှုအသေးစိတ်ကိုတော့ဆက်ပြီး စစ်ဆေးနေ
တုန်းပဲ။ယာဉ်မောင်းကိုတစ်ယောက်ယောက်
ကငွေပေးပြီးပို့ခိုင်းတဲ့ ပုံစံပါ။ ပို့ဆောင်တဲ့ သူနှစ်ဦးကိုတော့ခွင့်ပြုချက်မပါရှိဘဲ ဘဂါင်္လီတွေကို သယ်ဆောင်တဲ့ပုဒ်မနဲ့ အရေး ယူထားတယ်”ဟုမှော်ဘီမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပျဉ်းမနားမြို့၊ ပန်းခင်းရပ်ကွက်နေ ယာဉ်မောင်း အောင်မျိုးထိုက်ဆိုသူနှင့်ယာဉ်ပေါ်ပါသူ ရှမ်းပြည်နယ် ရပ်စောက်မြို့နေ မသူဇာထွေးတို့အားဘဂါင်္လီလူမျိုး(၇)ဦးကို သယ်ဆောင်လာသည် ကိုတွေ့ရှိသဖြင့် ပြစ်မှုပုဒ်မ၃၆၇/၃၇၀ တို့ဖြင့် မှော်ဘီမြို
့နယ်ရဲစခန်း၌ စစ်ဆေးလျက်ရှိသည်။

ယာဉ်ပေါ်တွင်ပါလာသော ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင်နေထိုင်သည့်ဘင်္ဂါလီလူမျိုး(၇)ဦးကိုလည်း ခွင့်ပြုချက်လက်မှတ်
တစ်မျိုးမျိုးကိုင်ဆောင်လာခြင်းမရှိဘဲ ကျောက်တော်မှရန်ကုန်သို့လာရောက်ခြင်းဖြစ် ကြောင်းတွေ့ရှိရသဖြင့်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးအ
ရာရှိဦးသန်းနိုင်မှတရားလိုပြုလုပ်တိုင်တန်းသ
ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေး ဥပဒေပုဒ်မ ၆(၂)/၆(၃)ဖြင့်မှော်ဘီမြို့နယ်ရဲစခန်း၌အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

From : မြစ်မခ


SHARE THIS
Previous Post
Next Post