OIC (Organization of Islamic Cooperation)အဖွဲ့မှာ မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၄ ရက်နေ့ လာရောက်မည်
ဆိုသည့် သတင်းကြောင့်OICအားကန့်ကွက်
သည့်အနေဖြင့်ဆန္ဒထုတ်ဖော်လမ်း လျှောက်ပွဲတစ်ခုကို လူအင်အား(၇၀)က နိုဝင်ဘာလ ၁၂ရက်နေ့က အင်းစိန်မြို့နယ်၌
ပြုလုပ်ခဲ့သည်။
အဆိုပါဆန္ဒထုတ်ဖော်ကြသူများမှာ သတင်းဂျာနယ်များ၌OICအားဆန္ဒပြမည်ဆိုသည့် သတင်းများကို ကြားသိရခြင်းကြောင့် လာရောက်ပါဝင်ရခြင်းဖြစ်ပြီး မြန်မာပြည်သို့ OIC အဖွဲ့လာရောက်မည်ဆိုသည်ကို ကန့်ကွက်ခြင်းနှင့် ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့်မပြုရေးဆန္ဒထုတ်ခဲ့ကြခြင်း
ဖြစ်သည်။
“ ဂျာနယ်ထဲမှာ OIC ကိုဆန္ဒပြမယ်ဆိုတဲ့ သတင်းပါလာလို့လာရောက်ပါဝင်တာပါ။
ကျွန်တော်က နိုင်ငံရေးကို စိတ်မ၀င်စားပေ
မယ့်၊ ဒါကအမျိုးသားရေးဖြစ်နေလို့ ပါဝင်ရတာပါ”ဟု
ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်လာသည့် လှိုင်မြို့နယ်တွင်နေထိုင်သူ ကိုမြင့်ထွန်းက ပြောသည်။
၁၉၈၂မြန်မာနိုင်ငံသားဥပဒေကိုပြင်ဆင်ပေးရန် OIC အဖွဲ့က မြန်မာနိုင်ငံအစိုးရအပေါ် တောင်းဆိုမှုများ ပြုလုပ်သွားမည်ဆိုခြင်းနှင့် မြန်မာနိုင်ငံတွင်ရုံးခန်းများဖွင့်လှစ်သွားမည်ဟု
သတင်းများထွက်ပေါ်ခဲ့ခြင်းကြောင့် OIC၀င်မလာနိုင်စေရန်ကြိုတင်ကာကွယ်လိုသည့်အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်
သည်ဟု ဆန္ဒထုတ်ဖော်သူတို့က ဆိုသည်။
“OIC အဖွဲ့မြန်မာနိုင်ငံကို လုံးဝ ၀င်မလာစေ
ချင်ဘူး။OIC၀င်လာတာနဲ့တိုင်းရင်းသားနယ်
မြေတွေမှာ ပြဿနာတစ်ခုမဟုတ်တစ်ခု ဖြစ်လာတယ်။ရခိုင်ပြည်ပြန်လည်တည်
ဆောက်ရေးမှာကူညီပေးသွား မယ်ဆိုတာ ယုံနိုင်စရာ မရှိပါဘူး။လွှတ်တော်မှာလည်း ဒီဥပဒေကိုမပြင်ဖို့ကြိုတင်တောင်းဆိုတဲ့အနေနဲ့ စာပို့သွားမယ်”ဟု ဆန္ဒထုတ်ဖော် ရာတွင် ဦးဆောင်သူ ကိုနောင်တော်လေးက ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲအပြီးတွင်ပြည်သူများ၏ဆန္ဒလက်မှတ်များ စုဆောင်းကာOICထပ်မံဝင် ရောက်ခြင်း လုံးဝခွင့် မပြုရန်နှင့်နိုင်ငံသား၊
ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူများစသည့်ကဒ်များထုတ် ပေးခြင်းဆိုင်ရာ ဥပဒေနှင့်အညီ တိတိကျကျကိုင်တွယ်ဆောင်ရွက်နိုင်
ရန် အရေးတကြီးအဆိုတင်သွင်း ပေးနိုင်ရေး
အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးအေးမောင်ထံသို့စာပေးပို့သွားမည်ဟု သိရသည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲကို နေ့လည် ၁၂ နာရီမှစတင်ကာ အင်းစိန် GTI ကျောင်းရှေ့မှ အင်းစိန်မြို့နယ်ကြို့ကုန်းရှိYITကျောင်းရှေ့
အထိဗွီနိုင်းများကိုင်ဆောင်၍ဆန္ဒထုတ်ဖော်
ခြင်းဖြစ်ပြီး သံဃာတော်များနှင့်ပြည်သူများ ပါဝင်ကာ အင်းစိန်မြို့မရဲစခန်းမှ
လည်း ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်းကိုလည်း သိရသည်။
from : မြစ်မခ