OIC ကို ပြည်ဝင်ခွင့်ပြုရခြင်း အကြောင်းရင်း

OIC ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည် လာရောက်ရေးကို အစိုးရက ဘာကြောင့် စီစဉ်ပေးခဲ့တာလဲ။
သမ္မတပြောခွင့်ရအရာရှိ ဦးရဲထွဋ်ဆီမှာ အဖြေ ရှိနေပါတယ်။

"...အချို့ အဖွဲ့အစည်းများက နိုင်ငံတကာမှာ ဖြန့်ချိနေတဲ့ မမှန် သတင်းများ၊ ပုံကြီးချဲ့သတင်းများကိုချေပနိုင်မှာဖြစ်တဲ့ အတွက် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါတယ်..." တဲ့။

သူ့ရဲ့ ဖေ့စ်ဘုတ်မှာ အခုလေးတင် ပေါ်ထွက်လာတဲ့ ပြောဆိုရေးသားချက် ဖြစ်ပါတယ်။စိတ်ဝင်စားသူများအတွက် ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

OIC ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်ပြီး စာနယ်ဇင်းများရဲ့ မေးမြန်းချက်များအပေါ် ဒီနေရာကနေပဲ ပြန်လည်ဖြေကြားလိုပါတယ်။
OIC အတွင်းရေးမှူးချုပ်ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ယခု အပတ်အတွင်း မြန်မာနိုင်ငံကိုလာရောက်ဖို့ရှိပါတယ်။

ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးအတွက်ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်များ၊ဘာသာပေါင်းစုံ
ချစ်ကြည်ရေးအတွက်ဆောင်ရွက်နေတဲ့အဖွဲ့များ၊ နှစ်ဘက်အသိုင်းအ၀န်းက ပုဂ္ဂိုလ်များ၊ ဥပဒေပြုရေးက ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံဖို့၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လေ့
လာ နိုင်ဖို့ စီစဉ်ထားပါတယ်။

ဒီအဖွဲ့လာရောက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြေရှင်းရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ပကတိအခြေအနေမှန်အတိုင်း သိရှိနိုင် အောင် စီစဉ်ဆောင်ရွက်ပေးခြင်းသာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာOIC ရုံးခန်းဖွင့်လှစ် ရေး အပါအ၀င် မြန်မာနိုင်ငံအပေါ် တောင်းဆိုထားတဲ့အချက်များနဲ့ ပတ်သက်ခြင်း မရှိပါဘူး။

အခုအချိန်မှာ အချို့ အဖွဲ့အစည်းများက ဒီခရီးစဉ်နဲ့ပတ်သက်ပြီးမမှန်သတင်းများထုတ်လွှင့်ကာ ဆန္ဒပြဖို့ လှုံ့ဆော်မှုများ ပြုလုပ်နေတာရှိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ အချုပ် အခြာအာဏာကို ထိပါးစေမယ့် ကိစ္စမျိုးကို လုံးဝ ဆောင်ရွက်မှာမဟုတ်ပါဘူး။

ဒီလိုခရီးစဉ်ကို စီစဉ်ခြင်းဟာ မြန်မာနိုင်ငံအတွင်းအခြေအနေများကို နိုင်ငံတကာကလာရောက်လေ့လာခြင်းအား
ဖြင့် အချို့အဖွဲ့အစည်းများကနိုင်ငံတကာမှာ ဖြန့်ချိနေတဲ့မမှန်သတင်းများ၊ပုံကြီးချဲ့သတင်းများကို ချေပနိုင်မှာဖြစ်တဲ့အတွက်
ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူများအနေနဲ့ နိုင်ငံရဲ့ ပုံရိပ်နဲ့ နိုင်ငံတော်အစိုးရရဲ့ပဋိပက္ခဖြေရှင်းရေးလုပ်ငန်းစဉ်များအပေါ်ထိခိုက်စေမယ့်လုပ်ရပ်များမလုပ်မိဖို့လိုအပ်ကြောင်းတင်ပြလိုပါတယ်။

From : ဧရာဝတီblog


SHARE THIS
Previous Post
Next Post