သိန်း ၉၀၀ တန် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ခွင့်အမိန့် အား ပြည်နယ်အစိုးရမှ (၃)ကြိမ်တိုင်တိုင် မှားယွင်းအမိန့် ချခြင်း (လေးမြို့ ပေးစာကဏ္ဍ)

အိန္ဒိယနိုင်ငံမှ လှူဒါန်းသော သိန်း ၉၀၀ တန် ကျောင်းပေါင်း (၁၀)ဆောင်အနက် တစ်ဆောင်ကို အောက်ပါအတိုင်း အမှားမှားအယွင်းယွင်းဖြင့် ဆောက်လုပ်ခွင့်အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.လ.က - ၁- ထခွဲ-၁)အား ဆောက်လုပ်ရန် (၁၈.၁၂.၂၀၁၃)နေ့ ရက်စွဲပါ အမှတ် (၀၄၊၇၊၁၀/အမရ - ရခိုင်)ဖြင့်ကျောင်းဆောင်တစ်ဆောင်လျှင် ကျပ်သိန်း ၉၀၀ တန် (၁)ဆောင် ဆောက်လုပ်ရန် အကြောင်းကြားခဲ့ပါသည်။

ထိုအကြောင်းကြားချက်အရ ပညာသင်ယူရန် အမှန်တကယ် အခက်အခဲဖြစ်နေသည့် အ.လ.က -၁ (ထခွဲ-၁)ကျောင်းအဖို့  ကျောင်းသား/သူ ၊ ကျောင်းသားမိဘ နှင့် ဆရာ/မတို့ က ၀မ်းသာပီတိဖြစ်ခဲ့ရပါသည်။

သို့ သော်လည်း (၂၁.၁၂.၁၃)ရက်စွဲ နေ့ လည် (၂း၃၀)အချိန်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ (B.C စာရေး ၊ စစ်တွေ)မှ အ.လ.က (၁)-ထခွဲ(၁) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ အား ဖုန်းအမိန့် ဖြင့် လက်ရှိဆောက်လုပ်လျက်ရှိသော အ.လ.က(၁) ကျောင်းဆောင်ဆောက်လုပ်ခြင်းကို ရပ်စဲပြီး (၁၆.၁၂.၂၀၁၃)ရက်စွဲပါ အစိုးရအမိန့် အတိုင်း တတိယအကြိမ် ပြောင်းလဲအမိန့် ချလိုက်ကြောင်း ဖုန်းဆက်အကြောင်းကြား၍ ကြားသိရသဖြင့် အမှန်တကယ်ပင် ၀မ်းနည်းခံစားရမိပါသည်။

အကျဉ်းအားဖြင့် ဖော်ပြလိုသည်မှာ အ.လ.က(၂) တွင် အုတ်တိုက် စာသင်ဆောင်(၄)ဆောင် ရှိပြီး ယခုနှစ်မှအထက်တန်းကျောင်းခွဲ - ထခွဲ(၂) အဖြစ် ခွင့်ပြုချက်ရရှိထားခြင်းဖြစ်ပါသည်။ ကိုးတန်းအထိသာ သင်ကြားလျက်ရှိပြီး ဆယ်တန်းကျောင်းသားမရှိပါ။

အ.လ.က(၁) - ထ(ခွဲ)-၁ ကျောင်းမှာကား လွန်ခဲ့သော(၃)ခန့်ကပင်ကိုးတန်း၊ဆယ်တန်းကျောင်းသား၊သူများကို သင်ကြားပေးလျက်ရှိပါသည်။ စာသင်ကြားနိုင်သော အုတ်တိုက်ကျောင်းဆောင် (၁)ဆောင်သာရှိပါသည်။ထိုကျောင်းဆောင်မှာလည်း ကျောင်းသား၊သူများ စာသင်ကြားရန် အခန်းမလုံလောက်ခြင်း ၊ စာရေးခုံမပြည့်စုံခြင်း စသော အခက်အခဲများနှင့် ရင်ဆိုင်နေရပါ၍
ကျောင်းသားမိဘများထံမှအကူအညီတောင်းခံပြီး ဖသိဖသာ စီစဉ်ဆောင်ရွက်ထားသော စာသင်ကျောင်းဖြစ်ပါသည်။

ထိုကျောင်းဆောင် ထ(ခွဲ)-၁ အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၊ နယ်စပ်ရေးရာညွှန်ကြားရေးမှုးနှင့် ရခိုင်ပြည်နယ် ၊ ၀န်ကြီးချုပ် တို့ အား အသိပေးတင်ပြခဲ့ပြီးဖြစ်၍ အကြိမ်ကြိမ်လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

ယခုအခါ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၏ ဤကဲ့သို့ ကျောင်းဆောင်ဆောက်လုပ်ခြင်းအမိန့် အား အကြိမ်ကြိမ်အခါခါ လွဲချော်အမိန့်ချလိုက်သည်ဟု သိရ၍ လွန်စွာမှစိတ်မကောင်းဖြစ်ရမိပါသည်။

       ကျောင်းသား၊မိဘတစ်ဦး
        

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post