ရခိုင်လူမျိုးများ၏ နိုင်ငံရေးအယူအဆကွဲပြားကြပုံ

ကျွန်တော်နှင့်ခင်မင်ရင်းနှီးသော တရားလွှတ်တော်ရှေ့နေ ဦးထွန်းမြင့်ဆိုသူရှိ
ပါသည်။သူသည်မာန်အောင်ဇာတိဖြစ်ပြီး၊နိုင်ငံရေးကို စိတ်ဝင်စားသူဖြစ်ပါသည်။ သူ၏ နိုင်ငံရေး
အယူအဆသည် အမြင်ကျယ်သည်ဟု ဆိုရမည်လား။?ရခိုင်အမျိုးသားနိုင်ငံရေးပါတီတွင် ၀င်ရောက်လုပ်ကိုင်ခြင်းသည် ကျဉ်းမြောင်းသော နိုင်ငံရေးလုပ်ဆောင်ချက်ဟုသူရှုမြင်တတ်ပါ
သည်။

သူသည် ဆရာတော် ဦးဥတ္တမ၊ဦးသန့်တို့ကဲ့သို့ နိုင်ငံရေးသမားဖြစ်ချင်သည်ဆိုသည်။
၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ခြေရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးပါတီနှင့်
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီများတွင် ၀င်ရောက်လုပ်ကိုင်ခြင်းမပြုဘဲ မြန်မာ
လူမျိုးကိုကိုယ်စားပြုသောဒီမိုကရက်တစ်ပါတီ
(မြန်မာ)ကို ကိုယ်စားပြု၍ မာန်အောင်မဲဆန္ဒန
ယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖူးပါသည်။ရခိုင်လူမျိုးများတွင် ဦးထွန်းမြင့်ကဲ့သို့သောနိုင်ငံရေးအတွေးအခေါ်အယူအဆရှိသူများစွာရှိပါသည်။

ကျွန်တော်သည်မည်သည့် နိုင်ငံရေးပါတီ ၀င်မျှ မဟုတ်သော်လည်း ရခိုင်သမိုင်း၊ရခိုင်နိုင်ငံ
ရေးသမိုင်းကို စိတ်ဝင်စားပါသည်။ထို့ကြောင့် ရခိုင်နိုင်ငံရေးသမိုင်းကို သုတေသနပြု၍ မိမိ၏
အယူအဆကို ဆောင်းပါးများစွာရေး၍ တင်ပြဖူးပါသည်။ကျွန်တော်၏ ဆောင်းပါး
များသည်နောင်တစ်ချိန်တွင်သမိုင်းမှတ်တမ်းများ
ဖြစ်လာပါလိမ့်မည်ဟု ယုံကြည်မိ၍ ဖြစ်ပါသည်။
ကျွန်တော်တို့ ရခိုင်လူမျိုးများသည် အမှုမဲ့အမှတ်မဲ့နေတတ်သူများဖြစ်ကြရာ မိမိတို့၏ ဘိုးဘေး၊အဇူအဇာအမည်ကိုပင် သိသူရှားပါသည်

ထို့ကြောင့် ခေတ်သစ် ရခိုင်သမိုင်းကို မှတ်တမ်းတင်ရန်လိုအပ်နေပါသည်။သမိုင်းမှတ်တမ်းကို ရေးသားရာတွင် စိတ်ကူးယဉ် ၀တ္ထုပုံစံမျိုးရေးသားခြင်းမဟုတ်၍ သက်ရှိလူပုဂ္ဂိုလ်အမည်များ မလွှဲမရှောင်သာ ပါရှိတတ်ပါသည်။ထိုအခါ ကျွန်တော်၏ ရည်ရွယ်
ချက်ကို မသိနားမလည်သူတို့က ၄င်းတို့ကိုးကွယ်ဆည်းကပ်သော လူပုဂ္ဂိုလ်၊ပါတီကို ထိပါးရေးသားသည်ဟု အထင်ရောက်တတ်ကြသည်ကို ၀မ်းနည်းစွာ တွေ့ရှိရပါသည်။

ကျွန်တော်၏ ဆောင်းပါးများတွင် ကျွန်တော်၏ နိုင်ငံရေးအယူအဆ၊ရခိုင်ပြည်နှင့်
ရခိုင်လူမျိုးများအပေါ် ထားရှိသော စေတနာကို တွေ့နိုင်ပါသည်။ရခိုင်အမျိုးသားတို့ ၏ အကျိုးစီးပွားဖြစ်ထွန်းမှု၊စည်းလုံးညီညွှတ်မှုတွင် အဟန့်အတားဖြစ်စေတတ်သော
အကြောင်းရင်းများကိုကျွန်တော်ဆောင်းပါးများ
တွင် ဖေါ်ထုတ်ပြသထားသည်ကို အဂတိတရားကင်းရှင်းစွာဖြင့် ဖတ်ရှုပါက တွေ့မြင်ပါလိမ့်မည်။

သမိုင်းကို ရေးသားသူသည် နိုင်ငံရေးသမားကဲ့သို့ မိမိပါတီနှင့် မိမိကို လူထုထောက်ခံအောင်
စည်းရုံးခြင်းမျိုးမဟုတ်ဘဲ မြင်သည်ကို မြင်သည့်အတိုင်း၊ယူဆသည်ကို ယူဆသည့်အတိုင်းရေးသားခြင်းဖြစ်ရာလူမုန်းများသော အလုပ်ဖြစ်ကြောင်း ကျွန်တော်ကောင်းစွာ နားလည်ပါသည်။

သို့ရာတွင်ကျွန်တော်သေဆုံးသွားသည့်တိုင်
အောင် ကျွန်တော်ရေးသားချက်များသည်
ရခိုင်ပြည်နှင့်ရခိုင်လူမျိုးအတွက် အုတ်တစ်ချပ်၊သဲတစ်ပွင့်မျှ အထောက်အကူ အဖြစ်ကျန်စေခဲ့လျှင်ကျွန်တော်ရေးရကျိုးနပ်သည်ဟု ခံယူထားပါသည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင်လည်း စာရေးဆရာကြီး ဒဂုန်တာရာ၊ဦးသိန်းဖေမြင့်၊သခင်တင်မြ
တို့ကအလားတူစာပေများစွာရေးသားခဲ့ဖူးပါ
သည်။၎င်းတို့၏ ရေးသားချက်များသည် သက်ရှိသမိုင်းကို အခြေခံရေးသားခြင်းဖြစ်၍ မြန်မာ့သမိုင်းတွင် တန်ဖိုးမပြတ်နိုင်သော အထောက်အထားများအဖြစ် ကျန်ရစ်ခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။

ရခိုင့်အမျိုးသားနိုင်ငံရေးသမိုင်းကို လေ့လာသုတေသနပြု၍ ရခိုင်လူမျိုးများ၏ နိုင်ငံရေးအယူအဆကွဲပြားပုံကို ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးပါသည်။ကျွန်တော်၏ ဆောင်းပါးကို ဖတ်ဖူးသူများလည်း ရှိပါမည်။မဖတ်ဖူးသူများလည်းရှိပါမည်။မဖတ်ဖူး
သေးသော မျိုးဆက်သစ်ရခိုင်လူငယ်များအတွက် မျှဝေလိုသည့်စေတနာဖြင့်ထပ်မံတင်ပြလိုက်ပါသည်။

တိုင်းရင်းလူမျိုးများကိုယ်စားပြုနိုင်ငံရေးပါတီထူထောင်ခြင်းဆိုင်ရာ အယူအဆကွဲပြားမှုများ
တစ်နေ့သ၌ကျွန်ုပ်သည်ရန်ကုန်မြို့၊ပန်းဆိုးတန်းလမ်း၊အမှတ်-၈၃ တွင် ဖွင့်လှစ်ထားသောေ
ရှ့နေရုံးခန်းတွင် အလုပ်လုပ်ကိုင်နေစဉ် နေပြည်တော် ပြည်တွင်းအခွန်ဦးစီးဌာနတွင် ဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသော ကျွန်ုပ်၏မိတ်ဆွေဦးသံရှီမောင်ရောက်ရှိလာပါသည်။မရှေးမနှောင်းမှာပင်ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ေ
ရှ့နေကြီးဦးဘရှိန်လည်းရောက်လာပါသည်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်နှင့် အခွန်အရာရှိ ဦးသံရှီမောင်တို့သည် ယခင်ကပင်သိကျွမ်းသူများဖြစ်ကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်သည် RNDP ပါတီကို ကိုယ်စားပြု၍ ရွေးကောက်တင်မြှောက်ခံထား
ရသူဖြစ်ရာ ဦးသံရှီမောင်က ဦးဘရှိန်အား ရခိုင်တိုင်းရင်းသားလူမျိုးများအနေဖြင့်
ကိုယ်ပိုင်နိုင်ငံရေးပါတီ မတည်ထောင်ဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော
NLD ပါတီ၏ လက်အောက်တွင် ၀င်ရောက်လုပ်ကိုင်ရင်း ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင်NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရင် အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ယှဉ်ပြိုင်ရမှာ ပိုပြီးမထိရောက်ဘူးလား ဟူသော အယူအဆ တစ်ခုကို ဆွေးနွေးတင်ပြပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က တိုင်းရင်းသားလူမျိုးများအနေဖြင့် ဗမာနိုင်ငံရေးပါတီတွင် ၀င်ရောက်လုပ်ကိုင်ရင် ပါ
တီ၏ မူဝါဒ၊သဘောထားကို လိုက်နာရ၍ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးများ၏ လိုအင်ဆန္ဒကို မဖေါ်ထုတ်နိုင်၊တိုင်းရင်းသားတို့၏ အသံပျောက်ကွယ် သွားမည်ဖြစ်၍ ကိုယ်ပိုင်နိုင်ငံရေးပါတီ ထူထောင်ရန် လိုအပ်သည်ဟု သူ၏ အယူအဆကို တင်ပြသည်။

သူတို့နှစ်ဦး၏ ဆွေးနွေးချက်များမှတစ်ဆင့် ရခိုင်ပြည်နိုင်ငံရေးသမိုင်း၏ အတိတ်၊ပစ္စုပ္ပါန်၊
အနာဂါတ်ကို အခြေခံကာ ဤဆောင်းပါးကို ရေးဖြစ်ခဲ့ပါသည်။ရခိုင်လူမျိုးများတွင် မိမိတို့အချင်းချင်း ညှိနိုင်းဖြေရှင်းကြရမည့် ပြဿနာကို မိမိတို့အချင်းချင်း
မဖြေရှင်းဘဲ အရှေ့ဘက်သို့ လမ်းမျှော်ကာ ဆရာရှာသည့် အလေ့အထရှိခဲ့သည်။

ယခုလည်း ရှိနေဆဲဖြစ်သည်။နောင်တွင်
လည်း ရှိနေဦးမည်ဖြစ်ပါသည်။အေဒီ ၁၇၈၄-ခုနှစ်က ရခိုင်ပြည်၏ပြည်တွင်းရေးကို ရခိုင်အချင်းချင်း ညှိနှိုင်းဖြေရှင်းခြင်းမပြုဘဲ အရှေ့ဘက်သို့ လမ်းမျှော်ကာ ဆရာရှာမှုကြောင့်
တိုင်းပြည်အချုပ်အချာအာဏာဆုံးပါးခဲ့ရသည်။
နှစ်ပေါင်း(၄၀)ကြာအောင် ခါးသီးသော အတွေ့အကြုံများကို ဖြတ်ကျော်ကြရင်း အေဒီ-၁၂၈၆တွင်သခင်သစ်နှင့်ကြုံကြိုက်ကြရသည်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ရခိုင်သားတို့ ဦးဆောင်အခန်းကဏ္ဍတွင်ေ
နရာယူခဲ့ကြသည်။ဆရာတော်ဦးဥတ္တမ၊ပထမဆုံးကျောင်းသားသပိတ်ခေါင်းဆေ၁င် ဦး
ဘဦး စသည်ဖြင့် များစွာ၊များစွာ။ ။ ။
ဗမာလူမျိုးများနှင့်တိုင်းရင်းသားများ ပူးပေါင်း၍ လွတ်လပ်ရေး ရယူရန် သဘော တူညီခဲ့ကြသည့် သမိုင်းဝင်ပင်လုံစာချုပ်လက်မှတ်ရေးထိုးရန် ကြိုးပမ်းမှုတွင် ဗိုလ်ချုပ်အောင်ဆန်း၏မိတ်ဆွေ ရခိုင်တိုင်းရင်းသား ဦးဘစံသည် အထင်ကရ နေရာက ပါဝင်ခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းထံမှ ဦးဘစံထံပေးပို့ခဲ့သည့် သမိုင်းဝင် စာတစ်
စောင်သက်သေခံအဖြစ်ကျန်ရှိခဲ့သည်။

ပင်လုံစာချုပ်ရေးထိုးချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလပါတီကိုယ်စားလှယ်အဖြစ်ဦးအောင်ဇံဝေ၊ဦးစံထွန်းအောင်တို့တက်ရောက်ခဲ့ကြသည်။လက်မှတ်မရေးထိုးမီ ဦးစံထွန်းအောင်က ဗိုလ်ချုပ်အောင်ဆန်းအား ရခိုင်ပြည်န
ယ်ကိစ္စ ဆွေးနွေးတင်ပြသည်။ထိုအခါ ဗိုလ်ချုပ်
အောင်ဆန်းကဒါဟာတောင်ပေါ်နှင့်မြေပြန့်အတူတွဲ၍ လွတ်လပ်ရေးရယူရန် ကြိုးပမ်း
မှုသာဖြစ်တယ်။ရခိုင်ပြည်ကိစ္စ ဆွေးနွေးရန် အစီအစဉ်မပါ။ပြန်ထိုင်ပါ ပြော၍ ဆွေးနွေးခွင့်မရဘဲ ငြိမ်ငြိမ်နေခဲ့ရသည်ဟု ကြားဖူး
ပါသည်။ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းက ဦးစံထွန်းအောင်အား ပင်လုံစာချုပ်ချုပ်ဆိုပြီးရင် ရခိုင်ကိစ္စ သီးခြားဆွေးနွေးမယ်။

AutonomousState(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ပြည်နယ်) ပေးမယ် ဟုကတိပေးခဲ့ကြောင်းလည်း ကြားဖူးပါသည်။ဦးစံထွန်းအောင်သည် ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်သော် ရခိုင်လူမျိုးကို ကိုယ်စားပြုသူမဟုတ်ပါ။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလပါတီကို ကိုယ်စားပြုသူသာ ဖြစ်ပါသည်။ထို့ကြောင့် ဖဆပလ
ပါတီဝင်တစ်ဦးအနေဖြင့် ပါတီ၏ မူဝါဒကို လိုက်နာရသည်မှာသဘာဝကျပါသည်။ရခိုင်လူမျိုးကို ကိုယ်စားမပြု၍ ရခိုင်ပြည်ကိစ္စ ဆွေးနွေးပြောဆိုပိုင်ခွင့်မရှိပါ။ဗမာနိုင်ငံရေးပါတီ
တွင် ၀င်ရောက်လုပ်ကိုင်သော တိုင်းရင်းသား
တစ်ဦး၏ ပြောရေးဆိုခွင့်ဆိုင်ရာ ပထမဆုံးသင်္ခန်းစာတစ်ခုဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီး
နောက် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သော်လည်း ဦးနုအစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်ကံကြ
မ္မာရေတိမ်နစ်ခဲ့ရပါသည်။မြန်မာနိုင်ငံရေးသမိုင်း
တွင်လွတ်လပ်ရေးနှင့်အတူပြည်တွင်းသောင်း
ကျန်းမှုစတင်ခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ(အလံဖြူ)ကို သခင်သန်းထွန်းဦးဆောင်သည်။သခင်သန်းထွန်း၏ဦးဆောင်မှုအောက်တွင်ဦးကျော်မြဦးဆောင
်သောရခိုင်ပြည်ကွန်မြူပါတီဝင်များလှုပ်ရှားခဲ့
သည်။ရခိုင်ပြည်ကွန်မြူနစ်ပါတီဝင်များသည် ပဲခူးရိုးမမှသခင်သန်းထွန်းညွှန်ကြားသည့်အတိုင်းစာသင်ကျောင်းများကိုပိတ်ခဲ့ကြသည်။
ကျောင်းဆရာများကို သတ်ဖြတ်ခဲ့ကြသည်။မိမိ၏ သားသမီးများကို တိတ်တဆိတ် မြို့သို့ပို့၍ ပညာ
သင်ကြားခဲ့ကြသော မိဘများကို ဗကပပါတီကို ဆန့်ကျင်သူများအဖြစ်စွပ်စွဲ၍သတ်ဖြတ်ခဲ့ကြသည်။

တံတားများ၊ရွာများကိုမီးရှို့ကြသည်။ဗကပပါတီ
ဝင်များ၏ သားသမီးများကို မြို့သို့ပို့၍ ပညာသင်ကြားခိုင်းကြသည်။အစိုးရစစ်တပ်နှင့်တိုက်ပွဲဖြစ်ပွား၍ ရန်သူထံမှသိမ်းဆည်းရမိသော မောင်းပြန်ရိုင်းဖယ်များကို ပဲခူးရိုးမသို့ ဆက်သကြရသည်။ရခိုင်ပြည်သူတို့ထံမှအိမ်ခေါင်ပေါ်(အိမ်ထောင်စု)အလိုက်ဆက်ကြေးကောက်၍ ပဲခူးရိုးမသို့ ပို့ကြရသည်။ဗကပပါတီဝင်များ စားသောက်နေထိုင်ရန် အတွက် ရခိုင်
ပြည်သူများကိုဓါးပြတိုက်သည်။လူသတ်သည်။
ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်မှု၏အချက်အခြာဖြစ်သောစိုင်းဒင်ရေအားလျှပ်စစ်စီမံကိန်းပျက်ပြားသွားရန် တည်ဆောက်ရေးတာဝန်ခံ အမေရိကန်လူမျိုး
အင်ဂျင်နီယာကိုပဲခူးရိုးမမှ ညွှန်ကြားသည့်အတိုင်း ရခိုင်ပြည်သား ဗကပပါတီဝင်များက သတ်ဖြတ်ခဲ့ကြသည်။

အလားတူစွာပင် အလံနီကွန်မြူနစ်ပါတီကို သခင်စိုးဦးဆောင်သည်။သခင်စိုး၏ လက်အောက်တွင် ဘုံပေါက်သာကျော်က ရခိုင်ပြည်ကွန်မြူနစ်ပါတီ(အလံနီ)ကို ဦးဆောင်သည်။ဘုံပေါက်သာကျော်
သည်လည်း သခင်စိုးညွှန်ကြားသည့်အတိုင်း ပန်းမြောင်းကြီးချောင်းတစ်ခွင်လုံးရှိ
ကျောင်းဆရာအမြောက်အမြားကို သတ်
ဖြတ်ခဲ့သည်။ရခိုင်ပြည်သူတို့၏ အကျိးစီးပွားကို ပျက်ပြားအောင်လုပ်ဆောင်ခဲ့သည်။

ဦးနုဦးဆောင်သော ဖဆပလပါတီသည် ရခိုင်ပြည်နယ်အရေးကိုရှုပ်ထွေးစေရန်နှင့်မိမိအာဏာတည်မြဲရန်စစ်တကောင်းသားဘင်္ဂလီ
ထောင်ပေါင်းများစွာကို ခိုးသွင်း၍ မှတ်ပုံတင်ထုတ်ပေးကာ မဲပေးခိုင်းခဲ့သည်။
ယနေ့ ရခိုင်ပြည်နယ်တွင် တွေ့ကြုံနေကြသော ရခိုင်ဘင်္ဂလီအရေးသည် ဦးနု၏ ပယောဂမကင်းပါ။

ဦးနုအစိုးရလက်အောက်မှရခိုင်ခေါင်းဆောင်တို့သည်ပုဆိန်ရိုးဖြစ်ခဲ့ကြသည်။ဦးနေ၀င်း(ဗိုလ်ချုပ်
ကြီးနေ၀င်း)၏ စစ်အာဏာ ရှင်စနစ်အောက်တွင် တစ်ပါတီစနစ်ကြောင့်ပါတီ၊ကောင်စီအဖွဲ့အစည်းများ ပေါ်ပေါက်ခဲ့ရာ တာဝန်ကျေ
စပါးကိစ္စ၊စီမံကိန်းသီးနှံစိုက်ပျိုးခိုင်းသည့် ကိစ္စများကြောင့် ရခိုင်ပြည်သူတို့ ဖွတ်ကျောပြာစု ဒုက္ခရောက်ခဲ့ကြသည်။တစ်ပါတီအာဏာရှင်စနစ်အောက်တွင် ပင်လုံစာချုပ်ကို အစွဲပြု၍ ပြည်ထောင်စုနေ့ကို ခန်းနားကြီး
ကျယ်စွာ ကျင်းပခဲ့သည်။ပင်လုံစာချုပ်တွင် တိုင်းရင်းသားလူမျိုးအားလုံး လက်မှတ်ရေးထိုး၍
လွတ်လပ်ရေးရယူခဲ့သယောင်ဝါဒဖြန့်ခဲ့သည်။စစ်အာဏာရှင်စနစ်အောက်တွင်ဦးသာကျော်၊သူရဦးစောဖြူ၊ဦးလှထွန်းဖြူတို့သည် နိုင်ငံတော်အဆင့်တွင်ပါဝင်ကပြအသုံးတော်
ခံခဲ့ကြသည်။

ဦးနေ၀င်း၏ တစ်ပါတီအာဏာရှင်စနစ် ပြိုပျက်သွားပြီးနောက် န၀တ/နအဖအစိုးရလက်ထက်တွင်၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် အမိန့်အမှတ်-၁/၉၀ ကိုထုတ်ပြန်ရာတွင်
ပင်လုံစာချုပ်လက်မှတ်ရေးထိုးစဉ်က ရခိုင်လူမျိုးနှင့်မွန်လူမျိုးတို့သဘောဆန္ဒမပါခဲ့၍ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲ
ရန်လိုအပ်သည်ဟုအကြောင်းပြခဲ့သည်။

ဗမာနိုင်ငံရေးပါတီလက်အောက်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့ကြသော ရခိုင်လူမျိုးတို့သည် ရခိုင်တိုင်းရင်းသားလူမျိုးကို ကိုယ်စားမပြုကြောင်းအတိအလင်းကြေညာ
ချက်ပင်ဖြစ်ပါသည်။

ရခိုင်ပြည်နိုင်ငံရေးသမိုင်းတွင် ရခိုင်တိုင်းရင်းသားတို့သည် အယူအဆကွဲပြားခြားနားမ
ှုများစွာ ဖြစ်ပေါ်နေသည်။ဦးနေ၀င်းလက်ထက်က မဆလပါတီဝင်ဟောင်းများသည် အတိတ်ကရွှေထီးဆောင်းခဲ့သည်ကို အောက်မေ့သတိရရင်း တဆညပါတီတွင် ၀င်ရောက်လှုပ်ရှားနေကြသည်။၂၀၁၅-ခုနှစ်
ရွေးကောက်ပွဲတွင် အနိုင်ရနိုင်သည်ဟု တွက်ဆ၍ ရာထူးအာဏာကို မက်မောပြီး NLDပါတီတွင် ၀င်ရောက်လှုပ်ရှားနေသူများလည်း ရှိသည်။စစ်အုပ်စု၏လက်ကျန်များ၊ခရိုနီများစသည့် ရခိုင်လူမျိုးများသည် ပြည်ထောင်
စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ၀င်ရောက်လှုပ်ရှားနေကြသည်။မိမိတို့၏ အတ္တ အကျိုးစီးပွားကို အခြေခံ၍ ရခိုင်လူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြားနေကြသည်။

အရှေ့မျှော်ဝါဒသည် ရခိုင်လူမျိုးများအား ဒုက္ခဆင်းရဲ ပင်လယ်ဝေစေသည့် အယူဝါဒဖြစ်ကြောင်းအတိတ်တွင်သက်သေ
ပြခဲ့ပြီးဖြစ်သည်ကို ရခိုင်လူမျိုးအားလုံး
နားလည် သဘောပေါက်သင့်ပါပြီ။
ရခိုင်ပြည်နယ်သည် ရေခံမြေခံကောင်းပြီး သယံဇာတပေါကြွယ်ဝသော ဆင်းရဲဒုက္ခရောက်
နေကြသည်။

မိမိတို့၏ အသက်ရှင်ရပ်တည်မှုအတွက် အလုပ်အကိုင်ရှာဖွေရင်းလူငယ်လူရွယ်အားလုံးနီးပါးမြန်မာပြည်အနှံ့အပြား၊ထိုင်းနိုင်ငံ၊မလေးရှား
နိုင်ငံတို့တွင်ကျွန်ခံနေကြရသည်။လူကုန်ကူးခံနေ
ကြရသည်။ရက်စက်စွာအသက်ခံ
နေကြရသည်။ရခိုင်ပြည်တွင်ကျန်ရစ်သူများအနေ
ဖြင့်လည်း လူငယ်လူရွယ်များ ရှားပါးမှုကြောင့် အသုဘကိစ္စကိုပင် အမျိုးသမီးများ ပို့ဆောင်ပေးနေရသည်။

ဘင်္ဂလီတို့ရန်ကြောင့် အသက်ဆုံးရှုံးကြရသည်
။ကျီးလန့်စာစားသောက်နေကြသည်။ရခိုင်လူမျိုးအားလုံး မိမိတို့၏ ဘေးရန်ကို ကာကွယ်နိုင်ရန် စိတ်ဝမ်းမကွဲပြားဘဲအတူလက်တွဲ ဆောင်ရွက်သင့်ပါပြီ။မိမိသည်သာကိုးကွယ်ရာပါ။ရခိုင်လူမျိုးလောက် ရခိုင်ပြည်ကို ချစ်သူ
မရှိပါ။သမိုင်းအတွေ့အကြုံနှင့်ပကတိအခြေအနေကို ပေါင်းစပ်ကြည့်လျှင် ရခိုင်လူမျိုးကို ကိုယ်စား
ပြုသောတရားဝင်နိုင်ငံရေးပါတီတစ်ခု ထူထောင်ရန်လိုအပ်သည်ကိုနားလည်သဘော
ပေါက်မည်ဟု မျှော်လင့်မိပါသည်။

ဦးအောင်ကျော်စိန်(တရားလွှတ်တော်ရှေ့နေ)

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post