ယနေ့ မင်းပြားတွင် အသည်းအသန်ရင်ဆိုင်နေ ရတဲ့ အလွန်အကြူးဖုန်းလိုင်းကျပ်တည်းမှုပြသနာ
(​ ၂၈- ၁၂ - ၂၀၁၃ ၊ လေးမြို့ နံနက်​ခင်းသတင်း )
လွန်ခဲ့သော နိုဝင်ဘာလဆန်းပိုင်းတည်းက စတင်ဖြစ်ပွားနေခဲ့သော အလွန်အကြူးဖုန်းလိုင်း
ကျပ်တည်းမှုပြသနာကြောင့်မင်းပြားမြို့ လူထု၏ ဖုန်းလိုင်းဆက်သွယ်ရေးအများစု အခက်အခဲများ
နှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း သိရသည်။
အဆိုပါအလွန်အကြူးဖုန်းလိုင်းကျပ်တည်းမှုသည်လွန်ခဲ့သောနိုဝင်ဘာလဆန်းပိုင်းကတည်းက စတင်ဖြစ်ပွားခဲ့ပြီး ယနေ့ အထိ တစ်နေ့ ထက်တစ်နေ့ ပိုပိုဆိုးဆိုးလာကြောင်း သိရသည်။
အဆိုပါပြသနာနှင့် ပတ်သက်၍ မင်းပြားမြို့ က MPTမိုဘိုင်းGSM-၂သိန်းတန်ဖုန်းအသုံးပြုသူတစ်ဦးဖြစ်သူဦးအေးသန်းအား လေးမြို့ က ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဦးအေးသန်းက
“ ဒီလိုဖြစ်နေတာ ၁လကျော်လောက်ရှိပြီထင်တယ်။ဖြစ်စတုန်းကဆို နေ့ ခင်းပိုင်း သိပ်မဆိုးဘူး ။ ညပိုင်းလောက်ပဲ အဆင်မပြေတာ ။ အခုဆို ပိုပိုဆိုးလာတယ် ။ နေ့ ခင်းရော ညပါဖြစ်နေတာ ။
ဘယ်လောက်ထိဆိုးလဲဆိုတော့ နေ့ ခင်းလည်း ဖုန်းခေါ်လို့ မရဘူး ။ ညလည်း ခေါ်လို့ မရဘူး ။ ဖုန်းထဲကပိုက်ဆံလက်ကျန်(Balance)မေးတာ
တောင် အကြိမ်(၁၀-၂၀)အထိ မေးရတယ်။
အဆိုပါ မိုဘိုင်းကျပ်တည်းမှုသည် ၂ သိန်းတန် GSM တွေ သာမကဘဲ ၂ သိန်းခွဲတန် WCDMA များပါ ရင်ဆိုင်နေရကြောင်း သိရ၍ ၂ သိန်းခွဲတန် WCDMA အသုံးပြုသူတစ်ဦးအား လေးမြို့ က ဆက်သွယ်မေးမြန်းခဲ့ရာ အမည်မဖေါ်လိုသော WCDMA အသုံးပြုသူက
“မင်းပြားမှာ 3G မရှိဘူး ။ 2G ပဲ ရပါတယ် ။ ဒါပေမယ့် WCDMA နဲ့ အင်တာနက်သုံးရင် 2G ဖြစ်တဲ့ E ပဲပေါ်တယ် ။ ပိုက်ဆံဖြတ်ရင် ၁ မိနစ် ၄ ကျပ်နှုန်းနဲ့ ဖြတ်တယ်။ မယုံဘူးဆိုသူတွေ လာသုံးကြည့်လို့ ရတယ်။ဒါမတရားဘူးလို့ မြင်ပါတယ်။ MPT ကတရားဝင်ကြေငြာထားတာ
က WCDMA တွေ 2G ရတဲ့ နေရာတွေမှာ
၁ မိနစ် ၂ ကျပ်နှုန်းဖြတ်မယ်လို့ ပြောထားတာလေ။ ဒါကတစ်ပိုင်း ပါ။
နောက်တစ်ပိုင်းကျန်သေးတယ် ။လိုင်းတွေက တအားကျပ်တော့ ဖုန်းဆက်လို့ မရဘူး ။ ငွေမေးလို့ *124# က ဘာမှ ပြန်မဖြေဘူး ။ Connection Error တဲ့ ။ အစက မသိတော့ ကို့ ဖုန်းများ ပျက်နေသလားလို့  နီးစပ်ရာ Service နဲ့ ပြကြည့်မှ MPT လက်ချက်လို့သိရတာ။
ဒီလိုဖြစ်နေတာ တခြားမြို့ တွေမှာရော ဒီလိုမျိုးကျပ်တည်းနေတာလားလို့ မေးကြည့်တော့ မဟုတ်ဘူးဗျ ။
တခြားမြို့ တွေက မင်းပြားမြို့ လောက် မဆိုးသေးဘူး။ လိုင်းနည်းနည်းကျပ်တာကို မပြောပါဘူး ။ လုံးဝကို သုံးမရလို့ ပြောတာ ။ ၂ သိန်းတန် ၊ ၂ သိန်းခွဲတန်တွေတောင် ဒီလိုဖြစ်နေတာဆိုတော့က ၁၅၀၀ တန်ဆို ပိုဆိုးကုန်မှာပေါ့ ။ဒီတော့ဒီဖုန်းလိုင်းကျပ်တည်း
မှုပြသနာကို မင်းပြား MPT က ပြန်ပြီး ဖြေရှင်းပေးသင့်ပါတယ်လို့ ပြောချင်ပါတယ်´´။
အဆိုပါ မိုဘိုင်းကျပ်တည်းမှုများနှင့် ပတ်သက်၍ မင်းပြားက မိုဘိုင်း Service တစ်ဦးအား
လေးမြို့ က ဆက်သွယ်မေးမြန်းခဲ့ပြန်ရာ သူက
“ဟုတ်ပါတယ် ။ ဒီလိုဖြစ်နေတာ လွန်ခဲ့တဲ့ လပိုင်းလောက်တည်းက ထင်တယ်။ အဓိကတော့ အင်တာနက်မြန်နှုန်းပေါ့ ။ လုံးဝကို ထိုးကျဆင်းနေတာပါ။ MPTNETပေါ်စတုန်းကဆို အဆင်ပြေခဲ့ပါတယ်။
မြန်နှုန်းကတော့ Download Speed – 150 kb/s -- Upload Speed က 80 kb/s လောက် ရှိတယ်။အခုနောက်ပိုင်းကတော့ -----။ ဟုတ်ကဲ့ …ခုဆိုညပိုင်းအင်တာနက်အမြန်ဆုံးအချိန်မှာ
တောင် မြန်နှုန်းကတော့ Download Speed – 11 kb/s လောက်ပဲရှိတယ်။ Upload Speed က 2 – 6 kb/s ကြားပဲရှိတော့တယ်။
အမှန်အတိုင်းပြောရရင် အင်တာနက်သုံးရတာ လုံးဝအဆင်မပြေပါဘူး။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတော့ User တွေ များလာ
လို့ ။ ကျန်တာကတော့ လူတိုင်း သိမှာပါ”
ဟု ပြောကြားခဲ့သည်။
တဖန် မင်းပြားတွင် ကြုံတွေ့ နေရသော အဆိုပါဖုန်းလိုင်းကျပ်တည်းမှုနဲ့ ပတ်သက်၍ မင်းပြား ၊ ဆက်သွယ်ရေးမှတာဝန်ရှိသူတစ်ဦးအား လေးမြို့ မှ ဆက်သွယ်မေးမြန်းခဲ့ရာ
“တာဝါတိုင် မရှိလို့ ။ အဓိကတော့ အဝေးလိုင်းမကောင်းလို့ ဖြစ်ရတာပါ။ ဘယ်တော့လောက်မှ ပြန်ကောင်းလာမလဲတော့ ကျွန်တော်မှာ ပြောပိုင်ခွင့်မရှိပါဘူး” ဟု ဝေေ၀၀ါဝါးပြောကြားခဲ့သည်။
အဆိုပါ ဖုန်းလိုင်းကျပ်တည်းမှုနဲ့ ပတ်သက်၍ မင်းပြားတွင် အခက်အခဲပေါင်းစုံကို ရင်ဆိုင်နေရပြီးဖုန်းကဒ်ရောင်းချသည့် ဆက်သွယ်ရေးမှလည်း ထိရောက် ၊ ကျေနပ် ၊ နှစ်သိမ့်ဖွယ်တာဝန်ယူမှုစကားတစ်ခွန်းမျှမကြားခဲ့ရပေ။
မင်းပြားတွင်အသုံးပြုနေသည့်ဖုန်းအလုံးအရေအတွက်မှာ၈၀၀၀ - ၁၀၀၀၀ ခန့် ရှိမည်ဖြစ်ပြီး တာဝါတိုင်မှာ (၂) ချောင်းသာ ရှိကြောင်း သိရသည်။
အဆိုပါပြသနာကြောင့် ဖုန်းလိုင်းဖြင့် လုပ်ကိုင်နေရသည့် စီးပွါးရေး၊ လူမှုရေး ၊ ကျန်းမာရေး ၊လူမျိုးရေးအဓိကရုဏ်းအချိန်မီတား
ဆီးရေးတို့ တွင် အနှောင့်အယှက်များစွာ ကြုံတွေ့ နေရကြောင်း သိရပြီးဒေသတွင်း တည်ငြိမ်၊အေးချမ်းရေးနှင့်တရားဥပဒေ
စိုးမိုးရေးတို့ ပြုလုပ်ရာတွင်လည်း များစွာ အခက်အခဲ၊အတားအဆီးများရှိနေကြောင်း သိရသည်။
မင်းပြားကအလွန်အကြူးဖုန်းလိုင်းကျပ်တည်းမှု
ပြသနာသည် မင်းပြားသူ/သားများအဖို့ 
အသည်းအသန်ခံစားနေရသည့် ခေတ်သစ်ကပ်ဆိုးရောဂါသဖွယ်ဖြစ်နေတော့သည်။
သို့ ဖြစ်ပါ၍ နိုင်ငံတော်မှ တာဝန်ရှိသူများအနေဖြင့် ဤပြသနာအားအမြန်ဆုံးပြန်လည်ဖြေရှင်းပေးပါရန်ရိုသေလေးစားစွာဖြင့်ဆန္ဒပြုတောင်းဆိုတင်ပြအပ်ပါသည်။
အယ်ဒီတာအဖွဲ့ 
(လေးမြို့ သတင်းမီဒီယာ)
https://db.tt/YdXbbSHP
Published with Blogger-droid v2.0.10
SHARE THIS
Previous Post
Next Post