ရခိုင် ပြည်ခိုင်ဖြိုး ၀န်ကြီး ဦးကျော်ခင်ကို တင်ဆောင်ထားသော ကား က တိုက်မိပြီး မှောက်သွားသော ဆိုက္ကား နှင့် ခရီးသည် အား ကူညီပေးခြင်းမပြုဘဲ ထွက်ပြေးသွား


စစ်တွေ ၊ ၀၃ ဒီဇင်ဘာ ၂၀၁၃ ၊

ယနေ့ နံနက် ရှစ်နာရီခွဲတွင် ပြည်တော်သာရပ်ကွက် ကွန်ပျူတာ တက္ကသိုလ်ရှေ့လမ်းပေါ်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ခင် ၏ ကားက အမျိုးသမီးတစ်ဦးကို တင်ဆောင်ထားသောဆိုက္ကားတစ်စီးအားတိုက်မိသဖြင့် ဆိုက္ကား မှောက်ကာ ဆိုက္ကားအောက်သို့ ခရီးသည်နှင့်ဆိုက္ကားသမားရောက်သွားသည့်အ
ခြေအနေရောက်သွားသော်လည်း သိလျက်သားနှင့် ဘာမှအကူအညီပေးခြင်းမပြုဘဲ ဆက်လက် မောင်းနှင်သွားခဲ့သည် ဟု သိရသည်။

တိုက်ခိုက်ရေး နှင့် စည်းရုံးရေးတပ် မှ တပ်သား ကိုအောင်ထွန်းလင်း နင်းကာ ခရီးသည် မစုမြတ်ဝေ စီးနင်းလိုက်ပါလာသော ဆိုက္ကားကို ၀န်ကြီး ဦးကျော်ခင် စီးနင်းသောကားနံပါတ် --/၇၉၂၁ က တိုက်မိသည့်အချိန်တွင် ၀န်ကြီး ဦးကျော်ခင် နှင့် ဇနီးတို့ကားပေါ်တွင် ပါသည် ဟု သိရသည်။

ခရီးသည် မစုမြတ်ဝေ မှာ ခြေထောက်တွင် ကွဲရှ နှင့် ပေါက်ပြဲ ဒဏ်ရာများ ရသွားခဲ့သည် ဟုသိရသည်။

From : Coral Arakan News

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post