အယ်လ်ကိုဟောကို အားဖြည့်အချိုရည်နှင့် တွဲသောက်ပါက အဆိပ်ဖြစ်နိုင်ခြေပိုများ

(၁၃-၁-၂၀၁၄ | လေးမြို့ ကျန်းမာရေးကဏ္ဍ)

အယ်လ်ကိုဟောကိုစွမ်းအားဖြည့်အချိုရည်
တွေနဲ့  တွဲသောက်တာဟာ အယ်လ်ကိုဟောတစ်မျိုးတည်းသောက်တာထက်အ န္တရာယ်ပိုများတယ်လို့ အမေရိကန်က သုတေသီတေကတွေက တွေ့ ရှိခဲ့ပါသည်။

အဲဒီလိုမျိုးတွဲသောက်ထားသူတွေဟာအရက်
ပမာဏပိုမိုသောက်သုံးတတ်ပြီးအရက်စွဲသူ
များဖြစ်သွားနိုင်တယ်လို့ဆိုပါတယ်။သုတေသီတွေက ကျောင်းသားပေါင်း   ၆၅၂ယောက်ကို
လေးပတ်ကြာ အရက်နဲ့ စွမ်းအားဖြည့် အချိုရည်သောက်သုံးမှုအကြောင်းကိုမေးခွန်းထုတ်ကာမေးခဲ့ရာမှ တွေ့ ရှိခဲ့တယ်လို့  သိရပါတယ်။

စွမ်းအားဖြည့် အချိုရည်နဲ့ အယ်လ်ကိုဟော
ကိုတွဲသောက်သူတွေဟာအရက်စွဲသူတွေ
ဖြစ်သွားပြီး အရက်နဲ့ ဆက်စပ်တဲ့ ပြသနာတွေ ပိုမိုဆိုးဆိုးရွားရွားဖြစ်ပေါ်တတ်တယ်လို့  ဆိုပါတယ်။စွမ်းအားဖြည့်အချိုရည်မှာ
ကဖင်းပါဝင်မှုလည်းမြင့်မားတဲ့အတွက်နှလုံးခုန်ကိုပြောင်းလဲနိုင်တယ်ဆိုတဲ့တွေ့ ရှိချက်ကို သိ  ရှိပြီးနောက်ပိုင်းမှာ အခုထပ်မံတွေ့ ရှိခဲ့တယ်လို့ သိရပါတယ် ။

စွမ်းအားဖြည့်အချိုရည်ကြောင့်နှလုံးခုန်နှုန်းစည်းချက်ပြသာနာတွေဖြစ်ပေါ်ပြီးအသက်
အန္တာယ်ရှိနှိင်တယ်လို့ ဂျာမနီနှိင်ငံဘွန်း
တက္ကသိုလ်မှသုတေသီက တွေ့ ရှိခဲ့ပါတယ်။
            ကျန်းမာတဲ့လူကြီးတစ်ယောက်အနေနဲ့ စွမ်းအားဖြည့်အချိုရည်သောက်သုံးပြီးတစ်နာရီကျော်ကြာအတွင်းနှလုံးညှစ်အားသိသိသာသာတိုးတက်လာတယ်လို့ တွေ့ရှိခဲ့ပါတယ်။
စွမ်းအားဖြည့်အချိုရည်သောက်ပြီးတစ်နာရီအ
ကြာမှာ ခန္ဓကိုယ်တွင်းကို သွေးပို့ ပေးတဲ့
ဘယ်ဘက်အောက်ပိုင်းနှလုံးအခန်းက အခက်ခက်ခဲခဲညှစ်ရတဲ့အတွက်နှလုံးလုပ်ငန်းလုပ်ဆောင်တာမှထိခိုက်မှုရှိတယ်လို့  သိရပါတယ်။

          မိုးစက်

(လေးမြို့ သတင်းမီဒီယာ )
      

Ref : အာရောဂျံ  ၊ဇန်နဝါရီလ ၊2014

       


SHARE THIS
Previous Post
Next Post