သွေးနဲ့ ရေးသည့် မြေ

(လေးမြို့ ကဗျာကဏ္ဍ)

သွေးနဲ့ ရေးသည့် မြေ
---------------------------------------
သည်မြေမှာ မွေး
သည်မြေမှာ ကြီးခဲ့ကြတဲ့ လူတွေ
သည်မြေသမိုင်း မရိုင်းဖို့ 
စုပေါင်းကာကွယ်ခဲ့ကြတယ် …. ။

သည်မြေမှာ ……
ခေတ်အဆက်ဆက်
တံခါးတစ်ချက် မကျိုးပျက်ဖို့ အရေး
ညီညွှတ်ခြင်း လက်တွေနဲ့ 
သွေးလည်းထက် ဓါးလည်းထက်ခဲ့ကြပြီလေ ….။

သည်မြေဟာ
မျိုးဆက်တိုင်းရဲ့ သမိုင်းမှာ
မြေတစ်လက်မ ပါမသွားဖို့ အရေး
အသက်တွေ စတေး
သွေးပေါင်းများစွာလည်း ပေးခဲ့ -
ပေးဆဲ - ပေးနေရအုံးမယ့် ..
“သွေးနဲ့ ရေးသည့် မြေပေါ့” …။

သျှင်းသန့် (ပုဏ္ဍားကျွန်း )

ဝေဟင်အောင် ရေးသားသည့် ``သွေးနဲ့ ရေးသည့် မြေ´´ စာအုပ်မှ ထုတ်နုတ်ဖေါ်ပြ
ခြင်း ဖြစ်ပါသည်။


SHARE THIS
Previous Post
Next Post