အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဖောက်ခွဲရေးသင်တန်းများ ပြုလုပ်မည့် ဘင်္ဂါလီလူမျိုး (၃) ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဖမ်းဆီးရမိ

Thursday, January 30, 2014
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် အထူးစစ်ဆေးရေးနှင့်ဖောက်ခွဲရေးသင်တန်း
များ ပို့ချရန်အတွက် ပါကစ္စတန်နိုင်ငံမှ
လေကြောင်းခရီးဖြင့် လိုက်ပါလာသော ဘင်္ဂါလီလူမျိုး (၃) ဦးကို ဇန်နဝါရီ (၁၉) ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လုံခြုံရေးအထူးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသော (၃) ဦးမှာ အူဆမာန်၊ မန်မက်နှင့် ဖတ်ကရူးဟဆန် တို့ဖြစ်ပြီး အာဖဂန်နစ္စတန်အခြေစိုက် အယ်လ်ကိုင်ဒါ
တပ်ဖွဲ့တွင် အထူးတိုက်ခိုက်ရေးနှင့် ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ပြီး
(၃) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူများ
ဖြစ်ကြောင်း သိရသည်။

စစ်ကြောချက်များအရ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် မေယုခရိုင်အား TALAIBAN IN ARKAN နိုင်ငံတည်ဆောက်ရန်အတွက် မြန်မာနိုင်ငံအတွင်း တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ကာ အကြမ်းဖက်တိုက်
ခိုက်မှုများ ပြုလုပ်ရန်နှင့် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့များတွင် ဗုံးပြုလုပ်နည်း၊ လက်နက်ငယ်ပြုလုပ်နည်းများ
ကို လေ့ကျင့်သင်ကြားရန်ဖြစ်ကြောင်း၊ ခေါင်းဆောင်ဖြစ်သူ အူဆမာန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် RSO သောင်းကျန်းသူအဖွဲ့မှ ဘဏ္ဍာရေးမှူး ဘန်ဒန်အီဒရီး၏ ညီဖြစ်ပြီး ဇာတိမှာ မောင်တောမြို့နယ်သီဟိုဋ္ဌ်ကျွန်းကျေးရွာအုပ်စု ဘက္ကားဂုံးနားကျေးရွာမှဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
(Photo) BanglaNews.com
The Mirror Daily


SHARE THIS
Previous Post
Next Post