မြန်မာနိုင်ငံ၊ ရခိုင်ပြည်တွင် ဖြစ်ပျက်ခဲ့သည့် ဘင်္ဂါလီ-ရခိုင် အရေးအခင်းများနှင့် ပတ်သက်ပြီး ထောက်ပြရေးသားခဲ့သည့် ဆောင်းပါးများကိုစုစည်းကာ "မြန်မာနိုင်ငံရဲ့ အနောက်တံခါး တကယ်ကျိုး ပျက်သွားပြီလားနှင့် မွတ်ဆလင်ပြည်နယ်မှ
သည် နိုင်ငံတော်သို့" ဟု အမည်ပေးထားသည့် စာအုပ် ထွက်ရှိကြောင်း သတင်းရရှိသည်။
၎င်းစာအုပ်တွင်ပါရှိသည့် ဆောင်းပါးများမှာ စာရေးဆရာခိုင်လင်း (မေဃ၀တီ) ရေးသားထားသည့် ဆောင်းပါးများ
ဖြစ်ပြီး ကိုမင်းဇော်ကစီစဉ်ကာ ဦးကျော်ဆန်း (ရဲအောင်စာပေတိုက်) မင်္ဂလာတောင် ညွန့်မှ တာဝန်ခံထုတ်ဝေလိုက်ခြင်းဖြစ်သည်။ စာအုပ်မိတ်ဆက်ပွဲများကိုလည်း ဇူလိုင်လ (၂၈) (၂၉) နှင့် (၃၀) ရက်နေ့များတွင် နေရာဒေသအသီးသီးခွဲကာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စာအုပ်ထုပ်ဝေရခြင်းနှင့် ပတ်သက်ပြီး စာရေးသူ ခိုင်လင်း(မေဃဝတီ)က "၂၀၁၂ ရခိုင်အရေးအခင်း ကာလတွေမှာ ရိုဟ
င်ဂျာလို့ နာမည်ခံထားတဲ့ ဘင်္ဂါလီတွေရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေဟာ တိုင်းပြည်အတွက်အန္တရာယ်များတယ်ဆိုတာကိုသိသလောက်၊ တွေးနိုင်သလောက် ထောက်ပြခဲ့တဲ့ ဆောင်းပါးတွေဟာ အွန်လိုင်းပေါ်မှာဘဲ ရေးခဲ့တာဖြစ်တယ်။
မြန်မာနိုင်ငံမှာ အွန်လိုင်းစာဖတ် ပရိသတ်ကနည်းတော့၊ အွန်လိုင်းပေါ်မှာ မဖတ်နိုင်တဲ့ စာဖတ်ပရိသတ်တွေလည်း ဖတ်ရအောင်ဆိုပြီးစာအုပ်အဖြစ် ထုပ်ဝေလိုက်တာဖြစ်တယ်။ " ဟုပြောသည်။
ဤစာအုပ်သည် ရခိုင်ပြည်အပါအ၀င် မြန်မာတစ်နိုင်ငံလုံးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် အကျိုးရှိလိမ့်မည်ဟု ယုံကြည်မိကြောင့် စာရေးသူက ဆိုသည်။
ယခုထွက်ရှိသည့်စာအုပ်တွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ထွဋ်ခေါင်တို့ကအမှာစာများရေးသားထားကြ
ပြီး
" အနာဂတ် ပြည်ထောင်စုသစ်ကို မပျောက်ပျက်အောင်ချီတက်ရင်း အမျိုးသားရေး ရပ်တည်ချက် မှန်ကန်မှုဟာ အချူပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အရေးကြီးပုံကို ဆောင်းပါးပုဒ်တိုင်းမှာ ပုံဖေါ်ပြသွားတာကိုတွေ့ရပါတယ်။
စိန်ခေါ်မှုအဟောင်းတွေကို စိန်ခေါ်မှုသစ်အဖြစ် ဘင်္ဂလီတွေ ပညာသားပါပါ လက်ဆင့်ကမ်းသွားကြပုံကို ပုံဖေါ်ဖွင့်ချထားပြီး သတိပြုမိစေလိုတဲ့ စာရေးသူရဲ့ စေတနာကို တွေ့ရပါတယ်။ " ဟု ဒေါက်တာအေးမောင်၏ အမှာစာထဲတွင် ရေးသားထားသည်။
ဤစာအုပ်ကို တစ်အုပ်လျှင် ကျပ်ငွေ (၁၀၀၀) ဈေးနှုန်းဖြင့် Renaissance Publishing
House အမှတ်(၁၀၅၀)၊ ၇-ဈေးလမ်း၊ ၇-အရှေ့ရပ်ကွက်၊ သာကေတမြို့နယ်မှ တာဝန်ယူကာ မြန်မာတစ်ပြည်
လုံးသို့ ဖြန့်ချီသွားမည်ဖြစ်ကြောင်း သိရသည်။
From ; Arakantime.net