မင်းပြားမြို့ နယ်အတွင်း INGO အမည်ခံ ဘင်္ဂလီဘက်လိုက်အဖွဲ့ အစည်းများအား လုံးဝအလိုမရှိကြောင်း ဒေသခံလူထုက ယနေ့ မင်းပြားတွင် ဆန္ဒထုတ်ဖေါ်

(၁၂-၂-၂၀၁၄ ၊ လေးမြို့ ဒေသတွင်းသတင်းတို)

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ်အတွင်းရှိ INGO အမည်ခံ ဘင်္ဂလီဘက်လိုက်အဖွဲ့ အစည်းများအား ဒေသခံလူထုက လုံးဝအလိုမရှိကြောင်း ဆန္ဒထုတ်ဖေါ်ပွဲကို ယနေ့ မင်းပြားတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း
သိရသည်။

ယနေ့ ကျင်းပသော အဆိုပါဆန္ဒထုတ်ဖေါ်ပွဲကို မင်းပြားမြို့ နယ် ၊ လူမှုကွန်ယက်အသင်းမှ ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရပြီး ရဟန်း ၊သင်္ဃာများ ၊ မြို့ မိ၊ မြို့ ဘများ ၊ လူမှုအဖွဲ့ အစည်းများ ၊လူကြီး၊လူငယ်အပါအ၀င် လူပေါင်း (၃၀၀၀)ကျော်ခန့် က ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖေါ်ပွဲကို ယနေ့ (၁၂၊၂၊၂၀၁၄
)နေ့ ၊ နေ့ လည်(၁)နာရီခန့် တွင် မင်းပြားမြို့ နယ်၊မြို့ နယ်ဓမ္မာရုံကြီးမှ ရုံးတက်လမ်းအတိုင်း စတင်ချီတက်လမ်းလျှောက်၍ ရုံးတက်လမ်းမှ စွန်ရဲလမ်း၊စွန်ရဲလမ်းမှ အလောင်းစည်သူလမ်း ၊ အလောင်းစည်သူလမ်းမှ ဦးကျော်ဦးလမ်း ၊ ဦးကျော်ဦးလမ်းမှ အောင်သစ္စာလမ်း ၊ အောင်သစ္စာလမ်းမှ မြောင်းဘွေလမ်း ၊ မြောင်းဘွေလမ်းမှ ကျိန်းဒုံးညိုလမ်း ၊
ကျိန်းဒုံးညိုလမ်းမှ ကမ်းနားလမ်းအတိုင်း ကြွေးကြော်ချီတက်လာခဲ့ကြပြီး ဓမ္မာရုံကြီး၌ပင် ပြန်ဆုံကာ လူစုခွဲသွားခဲ့ကြကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖေါ်ပွဲတွင်

၁။ ၁၉၈၂ ခုနှစ် ၊ နိုင်ငံသားဥပဒေကို အမြန်ဆုံးအကောင်အထည်ဖေါ်ပေးရေး။
၂။ White Card ကိုင်ဆောင်ထားသည့် တရားမ၀င်၊ခိုးဝင်ဘင်္ဂလီများ မဲပေးခွင့်ကို တားမြစ်ပေးရေး။
၃။ ဒေသတွင်း တည်ငြိမ်၊အေးချမ်းရေးနှင့် လုံခြုံရေးအတွက် တာဝန်ယူဆောင်နေကြသော
ပြည်သူ့ ရဲတပ်ဖွဲ့ ဝင်များအား ခေတ်မီလက်နက်များ တပ်ဆင်ဖြည့်စွက်ပေးရေး။
၎။ ဘင်္ဂလီဘက်လိုက် နိုင်ငံများအနေဖြင့် မဆီမဆိုင်သော ပြည်တွင်းရေးဝင်ရောက် ၊ စွက်ဖက်မှုအား
ရပ်တန့် ရေး။
၅။ INGO အမည်ခံပြီး ဒေသခံတိုင်းရင်းသားများနှင့် ခိုးဝင်ဘင်္ဂလီတို့ အကြား မျှတမှုမရှိဘဲ ဘင်္ဂလီသီးသန့် 
ခွဲခြား၊ဆက်ဆံအကူအညီပေး၊ သွေးထိုးလှုံဆော်၊မြှောက်ပင့်ပေးနေကြသော အဖွဲ့ အစည်းများအနေဖြင့်
မင်းပြားမြို့ နယ်မှ အမြန်ဆုံးထွက်ခွာပေးရေး။
၆။ ကုန်းလမ်းသွားလာရေးကို အမျိုးမျိုးအနှောင့်အယှက်ပေးနေကြသော မင်းပြား-စစ်တွေကားလမ်းတလျှောက်
ရှိ ဘင်္ဂလီအကြမ်းဖက်ရွာများအား တခြားတစ်နေရာရာသို့ ရွှေ့ ပြောင်းပေးတို့ ကို ကြွေးကြော်၊တောင်းဆို၊ဆန္ဒ
ထုတ်ဖေါ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖေါ်ပွဲသည် ဒီမိုကရေစီခေတ်ဦးပိုင်းကာလအတွင်း မင်းပြားမြို့ နယ်အတွင်းတတိယ
အကြိမ်မြောက် ဆန္ဒထုတ်ဖေါ်ပွဲကြီးဖြစ်ပြီး သက်ဆိုင်ရာထံမှ တရားဝင်ခွင့်ပြုချက် ရရှိထားခဲ့ကြောင်းလည်း သိရသည်။

ပေးပို့ သူ - မင်းမြတ်ခိုင် ၊ ဓါတ်ပုံ - မိုးစက် ၊ ရေးသားသူ - သက်ထားရွှေစင် ၊
တင်ဆက်သူ - လေးမြို့ သတင်းမီဒီယာ


SHARE THIS
Previous Post
Next Post