တစ်ခိုင်တည်းသော ခိုင်ဖြစ်လာမည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ မင်းပြားမြို့ နယ် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့ မင်းပြားတွင် ကျင်းပ

(၄ - ၄ - ၂၀၁၄ ၊ လေးမြို့ ဒေသတွင်းသတင်းတို)

ရခိုင်လူမျိုးများအတွက် ပေါင်းစည်းညီညွတ်ခြင်းဖြင့် အနာဂတ်အရေးကို ဦးဆောင်လမ်းပြပေးနိုင်ရန်
တစ်ခုတည်းသော ခိုင်ဖြစ်လာမည့် ရခိုင်အမျိုးသားပါတီ (Arakan National Party)၏ မင်းပြားမြို့ နယ် ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့ (၄-၄-၂၀၁၄ နေ့ ) ၊ နံနက်(၉း၀၀)ခန့် က မင်းပြားမြို့ ၊ အလယ်ပိုင်းရပ်ကွက် ၊ မင်းကန်လမ်းရှိ ရခိုင်အမျိုးသားပါတီရုံးသစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါရခိုင်အမျိုးသားပါတီ(ANP)ရုံးသစ်ဖွင့်ပွဲသို့  ဌာနဆိုင်ရာအကြီးအကဲများ ၊ ပါတီအသီးသီးမှ ကိုယ်စားလှယ်များမြို့ မိ ၊ မြို့ ဘများအပါအ၀င် လူပေါင်း(၁၀၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရပြီး ရခိုင်မင်္ဂလာစည်တော်များ တီးမှုတ်ကာ စည်ကားသိပ်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါရခိုင်အမျိုးသားပါတီသစ် (ANP) သည် ယခင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) နှင့်
ရခိုင်ဒီမိုကရေစီပါတီ (ALD) တို့ ကိုပေါင်းစည်းထား
သည့် ရခိုင်လူမျိုးအားလုံးအတွက် တစ်ခုတည်းသော
ပါတီတစ်ခုဖြစ်ကြောင်းလည်း သိရသည်။အဆိုပါ ရခိုင်အမျိုးသားပါတီတွင် ပ-ခေါင်းဆောင်အဖြစ် ဦးအေးသာအောင် နှင့် ဒု-ခေါင်းဆောင်အဖြစ် ဒေါက်တာဦးအေးမောင်တို့ ယာယီတာဝန်ယူ
ထားကြောင်းလည်း သိရသည်။

ပေးပို့ သူ - ကိုကျော် (အလယ်ပိုင်း)
ရေးသူ - မင်းမြတ်ခိုင်
တင်ဆက်သူ - လေးမြို့ သတင်းမီဒီယာ


SHARE THIS
Previous Post
Next Post