လာဘ်ပေး လာဘ်ယူ တို့ ရန်သူ

(လေးမြို့ ပေးစာကဏ္ဍ)

လွန်ခဲ့သော ၂၀၁၄ ခုနှစ် ၊ မတ်လ ၂၃ ရက်နေ့ က ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ ၊ အောက်ရွာပိုင်း ၊ လမ်းမတော်ရပ်ကွက်ရှိ ကိုတင်ဝင်း Video ရုံအနီးတွင် ဆိုင်ကယ်တစ်စီးအား လုယက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း
သိရသည်။လုယက်ခံရသော ဆိုင်ကယ်နံပါတ်မှာ ၃၅ယ/၄၄၉၂၇ ဖြစ်ပြီး ဆိုင်ကယ်အပါအ၀င် ဆိုင်ကယ် BOX အတွင်း ပါလာသော ရွေကျပ်ချိန် ၂ ကျပ်သား ၊ ၁၃ ပဲ ၊ ၁ ရွေး ( ကာလတန်ဖိုး- ၁၈၀၀၀၀၀ ) တို့ လုယက်ခံခဲ့ရပါသည်။

၎င်းအမှုနှင့်ပတ်သက်၍ လုယက်ခံရသူမှ မင်းပြား ၊ ရဲစခန်းသို့ သွားရောက်ကာ ဂတ်စာရေး ထံတွင် အမှုဖွင့်တိုင်ကြားရန် ၂၀၁၄ ခုနစ် မတ်လ ၂၉ ရက်နေ့ မှ ၂၀၁၄ ခုနစ် ဧပြီလ ၃ ရက်နေ့ အထိ နေ့ တိုင်း သွားရောက်သော်လည်း အကြောင်းအမျိုးမျိုးပြကာ ရွေ့ ဆိုင်းနေပါသဖြင့် အမှုဖွင့်မရဘဲ ဖြစ်နေခဲ့ပါသည်။ ထို့ ကြောင့် နစ်နာသူမှ ၂၀၁၄ ခုနစ် ဧပြီလ ၉ ရက်နေ့ တွင် မင်းပြားမြို့ နယ်၊ မြို့ နယ်တရားရုံးသို့ သွားရောက်၍ ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။

သို့ ဖြစ်ပါ၍ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် နိုင်ငံတော်တရားရုံးချုပ်ထံသို့ ကူညီဆောင်ရွက်ပေးကြ
ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ခိုင်မျိုးမြတ်


SHARE THIS
Previous Post
Next Post