ရခိုင်ရှိ ကုလလက်အောက်ခံအဖွဲ့များ ဧပြီတတိယအပတ်တွင် လုပ်ငန်းပြန်စမည်

3.4.2014
ရခိုင်ပြည်နယ်တွင် ကုလ သမဂ္ဂ လက်အောက်ခံအဖွဲ့အ စည်းများ၏ လုပ်ငန်းများ ဧပြီလ တတိ ယပတ်အတွင်း ပြန်လည် စတင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ကုလအဖွဲ့များအပါအ၀င်နားလည်မှုစာချွန်လွှာ(MOU)သက်တမ်းမကုန်ဆုံးသေးသည့် အဖွဲ့အစည်းအချို့ကို လုပ်ငန်း များ ပြန်လည်လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ပြီး အရေးပေါ်ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့ (ECC)မှ တစ်ဆင့် ဆောင်ရွက်ရမည်ဟုရခိုင်ပြည် နယ်အစိုးရပြန်ကြားရေး တာဝန် ခံ ဦးဝင်းမြိုင်ကပြောသည်။ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသောနယ်စပ်ရေးရာဒုတိယ၀န်ကြီး
ဗိုလ်ချုပ်မောင်မောင်အုန်း က မြန်မာနိုင်ငံသည် ကုလအဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့်ကုလအဖွဲ့အစည်း
များနှင့် ပူးပေါင်း ဆောင်ရွက် သွားရမည်ဖြစ်ပြီး ECC က ဒေသခံပြည်သူများနှင့် ပြည်နယ်အစိုးရ၊ ယူအင်န်အဖွဲ့ များကြား လုပ်ငန်းများ ပွင့်လင်း မြင်သာမှုရှိစေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြား သည်။

ECC ကိုလည်း ရခိုင်တိုင်းရင်းသားဒေသခံခေါင်းဆောင် များနှင့်တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ထို့ အပြင် နိုင်ငံတကာအဖွဲ့အစည်း များအနေဖြင့် ယခင်ကလိုမဟုတ် ဘဲ လုပ်ငန်းများကိုECC ၊ ဒေသခံ ပြည်သူများအားအသိပေးပြီးမှပွင့်လင်းမြင်သာမှုရှိစွာဖြင်
့ဆောင် ရွက်ရမည်ဟုဦးဝင်းမြိုင်က
ဆက်လက်ပြောသည်။

‘‘ကျွန်တော်တို့ကိုလည်း ECC မှာ ပါဝင်ဖွဲ့စည်းလိုက်တယ်။ သူ တို့က လုပ်ငန်းတွေကို ECC က တစ်ဆင့် ဖြတ်သန်းသွားရမှာဖြစ် တယ်’’ဟု စစ်တွေမြို့မိမြို့ဖဦးသန်းထွန်းကပြောသည်။နိုင်ငံတကာအဖွဲ့အစည်းအ ချို့သည် ရခိုင်ပြည်နယ်၌ လုပ် ငန်းများဆောင်ရွက်ရာတွင်ပွင့်လင်းမြင်စာမှုမရှိသည့်အတွက် ပဋိပက္ခများကို ပိုမိုကြီးမားစေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ် တွေမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ကုလအ ပါအ၀င်အိုင်အင်န်ဂျီအိုရုံး၊ နေ အိမ်၃၀ခန့် ဖျက်ဆီးခံခဲ့ရပြီး ဒေသ ခံမိန်းကလေးတစ်ဦး သေနတ်ကျည်မတော်တဆ ထိမှန်ကာ သေဆုံးခဲ့ရသည်။ထို့ကြောင့် အဖွဲ့အစည်း မရှိ ၀န်ထမ်းများလုံခြုံရေးဂရုပြုရန်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းကသမ္မတဦးသိန်းစိန်ထံ တယ် လီဖုန်းဖြင့် ဆက်သွယ်တိုက်တွန်း ထားသည်။

7 Day Daily


SHARE THIS
Previous Post
Next Post