ရခိုင်ဧကရာဇ် ဘုရင် မင်းရာဇာကြီး ဟံသာဝတီ ပဲခူး သို့ စစ်ချီခြင်း


ရခိုင်သက္ကရာဇ် ၉၆၀ ခု တန်ဆောင်တိုင်လ အေဒီ ၁၅၉၈
မင်းဖလောင်း၏ သားတော် အိမ်ရှေ့မင်း သတိုးဓမ္မရာဇာ သည် ရခိုင်သက္ကရာဇ် ၉၅၅ တွင် မင်းရာဇာကြီး အမည်ဖြင့် နန်းတက်လာ၏။ ။ မင်း ဖြစ်လာသည့်အခါ အရှေ့ပြည် ဟံသာဝတီ ပဲခူးမှ ရခိုင်တို့၏
ရန်သူ ကျော်ထင်နော်ရထာ မင်းဆက်အား တောင်ငူဘုရင် က တိုက်ခိုက်၍ ပဲခူးမြို့ကို သိမ်းပိုက်
လိုသဖြင့် အမျိုးအဖုံစုံလင်လှသော လက်ဆောင်ပဏ္ဍာ တို့ဖြင့် ရခိုင်ဘုရင်ထံပါးသို့ လာရောက် စစ်
ကူတောင်းခံလာသည်။

"အရှင် ... ရခိုင်မင်းရာဇာကြီး ... ကျေးဇူးပြုလျက် ပဲခူးမြို့ကို ကူညီစစ်တိုက်ပေးပါ။ ပဲ
ခူးမြို့ကိုရလျှင် သမီးကညာ ဆင်ဖြူရတနာတို့ကို ကျွန်ုပ်ဆက်သပါမည်။"
ဤအရေးကို ညီလာခံ၌ ဆွေးနွေးကြရာ မဟာပညာကျော် က အရေးအကြောင်းကြုံလျှင် အကူအညီပေးသင့်ကြောင်း ထောက်ခံမဲပေးခဲ့သည်။

မင်းရာဇာကြီးသည်လည်း သဘောတူပြီး အခြားပညာရှိ အမတ်တို့သည်လည်းမကန့်ကွက်သဖြင့် ပဲခူးမြို့ကို စစ်ချီရန် ဆုံးဖြတ်ခဲ့သည်။မင်းရာဇာကြီး ကိုယ်တော်တိုင် ဦးဆောင်သော ရခိုင် တပ်မတော် သည် ရခိုင်သက္ကရာဇ် ၉၆၀ ခု တန်ဆောင်တိုင်လ အေဒီ ၁၅၉၈ တွင် ကြည်းကြောင်း ရေကြောင်း စစ်သည်အင်အား ၃သိန်းကျော် (အတိအကျအားဖြင့် စစ်သည်အင်အား ၃၂၈၀၀၀ - သုံးသိန်းနှစ်သောင်းရှစ်ထောင်)ဖြင့် ပဲခူးမြို့ကို ၀န်းရံချေမှုန်းတော်မူလေ၏။ ။

၁။ ပြည့်ရှင်ဘုရင် မင်းရာဇာကြီး ဦးဆောင်သောတပ်မတော်
က။ လက်ဝဲသင်းကိုယ်တော်ရံ = ၃၀,၀၀၀
ခ။ လက်ယာသင်းကိုယ်တော်ရံ = ၃၀,၀၀၀
ဂ။ ဒိုင်းနက်သူရဲ = ၁၀,၀၀၀
ဃ။ သက်သူရဲ = ၁၀,၀၀၀
င။ မီးလောင်းကာ၊ မီးပေါက်၊ ပြောင်း၊ ဒိုင်း၊ လွား စွဲသူရဲ = ၂၀,၀၀၀
စုစုပေါင်း = ၁၀၀,၀၀၀
၂။ အမတ်စစ်သူကြီး ဓမ္မသောက ဦးဆောင်သောတပ်မတော်
က။ လက်ဝဲသင်းကိုယ်တော်ရံ = ၂၀,၀၀၀
ခ။ လက်ယာသင်းကိုယ်တော်ရံ = ၂၀,၀၀၀
ဂ။ ကမန်လေးကိုင်သူရဲ = ၁,၀၀၀
ဃ။ ဓားကိုင်လေးစွဲသူရဲ = ၁,၀၀၀
င။ ကာစွဲဒိုင်းကိုင်သူရဲ = ၁,၀၀၀
စ။ သက်သူရဲ = ၃၀,၀၀၀
စုစုပေါင်း = ၁၇၃,၀၀၀
၃။ သားတော် အိမ်ရှေ့ဥပရာဇာ မင်းခမောင်း နှင့် ဥက္ကာပျံ အမတ်တို့ မော်တင်လမ်းကြောင်းမှ
က။ ကမ်းယံသူရဲ = ၃၀,၀၀၀
ခ။ မီးလောင်းကာ၊ မီးပြောက်၊ ပြောင်း၊ ဒိုင်း၊ လွှား စွဲသူရဲ = ၂၀,၀၀၀
စုစုပေါင်း = ၅၀,၀၀၀
၎။ ဆင်ကဲကြီး မဟာနု ဦးစီးသော သဘောင်္(၃၀၀) နှင့် ပသျှူးကျွန်းမော်တင်လမ်းမှ
က။ မောက်သူဇာသူရဲ = ၅,၀၀၀
ပဲခူးမြို့ကို တောင်ငူဘုရင် က အရှေ့မှ ရံသည်။

တောင်ငူဘုရင်၏ သားတော် နတ်ရှင်နောင်က မြို
့ မြောက်အရပ်မှ ရံသည်။ ရခိုင် အိမ်ရှေ့ဥပရာဇာ မင်းခမောင်းက တောင်မှ ရံသည်။ ရခိုင်ပြည့်
ရှင် မင်းရာဇာကြီးက အနောက်မှ ရံသည်။
ထိုသို့ နှစ်ပြည်ထောင် တပ်များ ၀န်းရံမှုကြောင့် ပဲခူးမြို့တွင်းက ပြည်သူများ အစားအစာ ရိက္ခာ ရှားပါးပြတ်လပ်လာ၍ တချို့ကား တောင်ငူတပ်တွင်းဝင်လေ၏။ တချို့ကား ရခိုင်တပ်ထဲဝင်လေ၏။
တချို့လည်း လွတ်ရာသို့ပြေးလေ၏။

သို့ကြောင့် ပဲခူးအိမ်ရှေ့စံ မင်းရဲကျော်စွာလည်း တောင်ငူမင်းတပ်သို့ ၀င်လေ၏။ ပဲခူးမင်းလည်း အညံ့ခံသဖြင့် စစ်ရှုံးလေ၏။တစ်ချိန်တည်းမှာပင် ယိုးဒယား ဘုရင် ဗြနရေ့ သည် ပဲခူးဘက်မှ စစ်ကူလာ၏။ ရခိုင်အိမ်ရှေ့စံ မင်းခမောင်းတပ်က ယိုးဒယား ရိက္ခာတပ်ကို ကြားမှ တိုက်လေသော် တစ်လမျှ ယိုးဒယားတပ်တို့ ရိက္ခာ ပြတ်လပ်ပြီး ယိုးဒယားသို့ ပြန်အဆုတ် လမ်းတွင် ရခိုင်ဘက်မှ သက်မင်းက တိုက်သဖြင့် ယိုးဒယား ဘုရင်၏ ညီတော် ဗြသမွန် ကို အရှင် လက်ရ ဖမ်းမိ၏။

ပင်လယ်လမ်းကြောင်းက ယိုးဒယားရေတပ် အ
ပေါင်းကိုလည်း ရခိုင်ရေတပ်မတော်က ချေမှုန်းအောင်မြင်၏။ယိုးဒယားမင်းက ရွှေငွေ ရတနာ၊ အမြောက်၊ ပြောင်း၊ ကြေးရုပ် အစရှိသည်တို့ အများအပြား တို့ကို ရခိုင်မင်း ထံ ဆက်သလေ၏။ ရခိုင်မင်း ကလည်း ယိုးဒယားမင်း၏ ညီတော်ကို ကောင်းမွန်စွာထားပြီး ယိုးဒယားသို့ ပြန်လွှဲပေးခဲ့သည်။

ရခိုင် ဘုရင် မင်းရာဇာကြီးသည် ဆင်ဖြူရတနာ သမီးကညာ လက်ဆောင် ဘဏ္ဍာ၊ ကျွန်ရွာ
(မွန်တလိုင်း သုံးသောင်း၊ ယိုးဒယား သုံးသောင်း ... လူခြောက်သောင်း)ကို သိမ်းယူပြီး ရခိုင်သက္ကရာဇ်
၉၆၁ အေဒီ ၁၅၉၉ တွင် ရခိုင်သို့ ပြန်သည်။ ရေလမ်းခရီး မော်တင်စွန်း အရောက်တွင် မင်းခြောက်ဆက် လက်ထက် ထင်ရှားသော သက်တော် ၁၁၁ နှစ်ရှိပြီဖြစ်သော မဟာပညာကျော် အမတ်ကြီးသည် ကွန်လွန် အနိစ္စ ရောက်၏။ မဟာပညာကျော်ကို သင်္ဂြိုဟ် သောနေရာတွင် စေတီတည်ထားပြီး မော်တင်စေတီဟုတွင်လေ၏။

သူရ မောင် ...
Ref: Arakanese Heros In The Chronicle ... by Mumbyr
Mum Thein Zen ...


SHARE THIS
Previous Post
Next Post