ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ငွေကျပ်သိန်းပေါင်း ၁၀၀၀ ကျော် လိမ်လည်ထွက်ပြေးမှု မင်းပြားတွင် ဒုတိယအကြိမ်ဖြစ်ပွား

(၁၁-၅-၂၀၁၄ လေးမြို့ မှုခင်းသတင်းတို)

(၅.၅.၂၀၁၄)နေ့ က ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ ၊ ကမ်းနားလမ်းရှိ သီင်္ဂီန၀ရတ်ရွေဆိုင်မှ ပိုင်ရှင် ဦးအောင်သိန်းအေးသည် လူတစ်ချို့ ၏ ယုံကြည်မှုကို အလွဲသုံးစားလုပ်ကာ ငွေကျပ်သိန်းပေါင်း ၁၀၀၀ ကျော်အား လိမ်လည်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ လိမ်လည်မှုတွင် အဘ-ဦးအောင်လှစိန်၏
သားဦးအောင်သိန်းအေး (၁၁/မပန(နိုင်)၀၄၅၄၀၃ )
သည် ရွှေအပေါင်လုပ်ငန်းလုပ်ကိုင်ရာမှ လုပ်ငန်းတိုးချဲ့ ရန် တခြားလူတစ်ချို့ ထံမှ ငွေကြေးများအား အတိုးနှုန်းများဖြင့် ချေးယူလုပ်ကိုင်ခဲ့ကြောင်း သိရသည်။

နောက်ပိုင်းတွင် အဆိုပါလုပ်ငန်းသည် ၀င်ငွေ ၊ ထွက်ငွေ ကိုက်ညီမှုမရှိဘဲ အရှုံးပေါ်လာခဲ့ပြီးနောက် ချေးယူထား
သော ငွေကြေးများ ပြန်လည်ပေးဆပ်နိုင်တော့မည့် လုံးဝမရှိတော့သောကြောင့် ယခုကဲ့သို့ 
ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ဖြစ်နိုင်သည်ဟု သူနဲ့ ရင်းနှီးသည့် လူပုဂ္ဂိုလ်များထံမှ ကြားသိရသည်။

ဦးအောင်သိန်းအေးသည် ယခုအချိန်တွင် ထွက်ပြေးပုန်း
ရှောင်နေပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှလည်း
ဦးအောင်သိန်းအေးအား လိုက်လံရှာဖွေလျှက်ရှိကြောင်း သိရသည်။

ယခုအမှုသည် မင်းပြားတွင် ဖြစ်ပွားခဲ့သော ငွေကြေးမြောက်မြားစွာ လိမ်လည်ထွက်ပြေးမှုတွင် ဒုတိယမြောက် အမှုဖြစ်ပြီး လွန်ခဲ့ သော (၃)နှစ်ခန့် ကလည်း ဒေါ်ယောင်ယောင် ဆိုသူမှ ယခုကဲ့သို့ ပင် ငွေကြေးမြောက်မြားစွာ လိမ်လည်ထွက်ပြေးမှုတစ်ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပေးပို့ သူ-ကိုထွန်း
ရေးသူ - သက်ထားရွှေစင်
လေးမြို့ သတင်းမီဒီယာ


SHARE THIS
Previous Post
Next Post