တို့ ​ကျောင်းကို အသစ်​​ပြောင်းလာတဲ့ ဆရာမ​လေး


❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
လှတယ်
လကို ဟထိုးပြီး ​ရေးချ တာနဲ့
အားမ​ရနိုင်​​လောက်​ လှတယ်​။

တကယ်​ပါ
လှတယ်
ရခိုင်​ရိုးမက ပန်း​တွေ အကုန်​လုံး
စုန်းမေ​တွဖြစ်သွား​လောက်​​အောင်​ လှတယ်​။

သူမက ကျွန်​​တော့်​ကို သမင်​လည်​ပြန်​တချက်​ ကြည့်​တယ်​။ထိုအကြည့်​မှာ​တော့

ကျွန်​​တော်​ စီးလာတဲ့ ဆိုင်​ကယ်​က ရပ်​သွားတယ်​။ ကျွန်ေ​တာ့်​​လက်​မှာ ပတ်​ထားတဲ့ နာရီတစ်​လုံး သတိ​မေ့သွားတယ်​။
ရခိုင်​-ဘင်္ဂလီအ​ရေးအခင်း ​ပျောက်​​သွားတယ်​။
ကချင်​ပြည်​နယ်​က စစ်​ပွဲကြီးလည်း ပြီးသွားတယ်​။တ​လောကလုံး အပြာ​ရောင်​လွှမ်းသွားပြီး အိပ်​မောကျ​​သွားတယ်​။

ငါ့ရင်​ဘတ်​ ဘယ်​ဖက်​ကသာ လှုပ်​တုတ်​ လှုပ်​တုတ်​ နဲ့ နိုးသွားတယ်​။

ဝသုန်ခါး
(၁၉​-၇-၂၀၁၄)

[အားယား​နေ၍ ​ပေါက်​ကရ ​လျှောက်​​ရေး​နေခြင်းဖြစ်​သည်။]


Posted via Blogaway

SHARE THIS
Previous Post
Next Post