ဒေါ်အောင်ဆန်းစုကြည်သမ္မတအဖြစ် ရွေးချယ်ခံခွင့်မရလျှင် ဆန်ရှင် ထပ်မံဖယ်ရှားရန်မရှိဟု အမေရိကန်လွှတ်တော်အမတ်ဆို


ဇမ္ဗူထွန်း ၊ Flower News Journal အတွဲ(၁၀) အမှတ်(၂၉)

မြန်မာအစိုးရအနေ ဖြင့်NLD ပါတီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို သမ္မတရွေးချယ်ခ့ခွင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တားဆီးထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း မရှိ ပါက အမေရိကန်နိုင်ငံမှ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ ဆန်ရှင်ပိတ်ပင် ထားမှုကို ဖယ်ရှားပေးသွားရန်မရှိဟု အမေ ရိကန် အထက်လွှတ်တော်အမတ်တစ်ဦး က ကြာသပတေးနေ့တွင် ပြောကြားလိုက် သည်။

ရီပတ်ဘလီကင်ပါတီခေါင်း ဆောင် လွှတ်တော်အမတ် မိုက်မက်ကွန် နဲလ်က အမေရိကန်လွှတ်တော်အနေဖြင့် ဆယ်စုနှစ်များစွာ စစ်အစိုးရကာလအတွင်း ဆန်ရှင် အရေးယူထားရှိခဲ့မှုများကို ဖယ်ရှား ပေးရန် ဆန္ဒရှိနေသည်။ သို့သော် မြန်မာ အစိုးရအနေဖြင့် မျက်မှောက်ကာလ ပြုပြင် ပြောင်းလဲမှုများနှင့် လူ့အခွင့်အရေးဆိုင်ရာ စီမံဆောင်ရွက်မှုများကို ပိုမိုပြောင်းလဲတိုး တက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက ဆန်ရှင်ပိတ်ဆို့ အရေးယူမှုများကို အဆုံး သတ်နိုင်မည်မဟုတ်ဟု ဆိုသည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ဖူးသော အ မေရိကန်လွှတ်တော်အမတ် မက်ကွန်နဲလ် က ၂ဝ၁၅ ရွေးကောက်ပွဲအတွက် တချို့သော ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်များ ကို ပြင်ဆင်မှုများ တိုးတက်လာခြင်းမရှိပါ က ကျောက်မျက်ရတနာနှင့် တစ်ဦး တစ် ယောက်ချင်းစီအပေါ် ပိတ်ဆို့အရေးယူထား သော ဆန်ရှင်များကို ဖယ်ရှားရန်ခက်ခဲစေ လိမ့်မည်ဟု ဆိုသည်။

ထို့အပြင် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရတို့၏ ဆက်ဆံရေး တိုးတက် ကောင်းမွန်လာမှုသည် ဦးစားပေးကိစ္စရပ် တစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း နောက်ပိုင်းတွင် ဝါရှင်တန်အနေဖြင့် ပြုပြင် ပြောင်းလဲရေး အစီအစဉ်များက နောက် ကြောင်းပြန်လှည့်လာခဲ့သော မြန်မာနိုင်ငံ အပေါ် စိုးရိမ်လာခဲ့သည်ဟု ဆိုသည်။

မက်ကွန်နဲလ်က မြန်မာနိုင်ငံတွင် ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေး အဆိုပြုချက်များအတွက် လွှတ်တော် ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ဆောင်ရွက် လျက်ရှိသော်လည်း အပြောင်းအလဲများမ ဖြစ်လာမည်ကို စိုးရိမ်မိသည်ဟု ပြောကြား ခဲ့ကြောင်း ရိုက်တာသတင်းဌာန၌ ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရသည်။


Posted via Blogaway

SHARE THIS
Previous Post
Next Post