ရဲတပ်ဖွဲ့အား ဘင်္ဂါလီများက ဒုတ်ဓါးဖြင့်ဝိုင်းဝန်းမှုဖြင်းဖြစ်စဉ် မောင်တောတွင်ထပ်မံဖြစ်ပွား

မောင်တော။ဇူလိုင် ၂၆ ရက်

ရဲတပ်ဖွဲ့အား ဘင်္ဂါလီများက ဒုတ်ဓါးဖြင့်ဝိုင်းဝန်းမှုဖြင်းဖြစ်စဉ် တစ်ခု ဇူလိုင်လ ၂၅ရက်နေ့နံနက်၉နာရီခန့်တွင် မောင်တောမြို့နယ် အောင်မင်္ဂလာဘင်္ဂါလီကျေးရွာတွင်ဖြစ်ပွားခဲ့သည်ဟုဒေသခံများက ပြောသည်။

အောင်မင်္ဂလာတနလရွာအနီးဘင်္ဂါလီရွာတွင်
လိုင်စင်မရှိဘဲ နွားသတ်ရောင်းချသူ ဘင်္ဂါလီတစ်ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင် များကသွားရောက်ဖမ်းဆီးရာတွင် ကျေးရွာမှ ဘင်္ဂါလီ ၈၀ ခန့်မှ လက်နက်များဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ရန်ကြိုးစားလာခဲ့ကြောင်းသိရသည်။

ယင်းအတွက် ရဲတပ်ဖွဲ့ဝင်များက သေနပ်ပစ်ဖောက် ခြောက်လှန့်မှ လူစုကွဲခဲ့ပြီး ဖမ်းဆီးလာသည့် ဘင်္ဂါလီ တရားခံမှာလည်းထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်မှာ ဒုချရားတန်းဖြစ်စဉ်ပြီးနောက် ဒုတိယအကြိမ်ဖြစ်ကြောင်းလည်းသိရသည်။
ဇန်န၀ါရီလ ၁၃ ရက်နေ့က တိုက်ခိုက်
ခံရသည့် ရဲတပ်ကြပ်ကြီး ၏ အလောင်းနှင့် အမ် ၂၂ မောင်းပြန်သေနပ်မှာလည်း ပျောက်ဆုံးနေဆဲဖြစ်သည်။

Chit thu Sky


Posted via Blogaway

SHARE THIS
Previous Post
Next Post