်မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် တက္ကသိုလ် ပညာသင်ဆု အခွင့်အလမ်းနှင့် ကျောင်းဝင်ခွင့် စုံစမ်းရေး ကိုယ်စားလှယ်များ ပါဝင်သော သြစတြေးလျ အစိုးရ ပညာရေးပြပွဲကို ဇူလိုင် ၂၇ ရက် နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအထိ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပညာရေး ပြပွဲတွင် ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ပါဝင်မည့် အပြင် ပြပွဲအတွင်း သြစတြေးလျ ကျောင်းဝင်ခွင့် လျှောက်ထားသူများ အနက် လေးဦးကို ပညာသင်ဆုများ ချီးမြှင့် ပေးအပ်မည် ဖြစ်ကြောင်း သြစတြေးလျသံရုံး တာဝန်ရှိသူ ထံမှ သိရသည်။
သြစတြေးလျတက္ကသိုလ်များ၌ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၅ဝဝ ခန့် နှစ်စဉ် လျှောက်ထား ကြပြီး သြစတြေးလျ တက္ကသိုလ်များတွင် သင်ကြား နိုင်သော နိုင်ငံအလိုက် မြန်မာနိုင်ငံသည် အဆင့် ၃ဝ တွင် ရှိကြောင်း သိရသည်။
အဆိုပါ ပြပွဲတွင် သြစတြေးလျ တက္ကသိုလ်နှင့် ကောလိပ် ၂၃ ခုနီးပါး ပါဝင် ပြသမည် ဖြစ်ပြီး ပညာရေး ပြပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက www.studyinaustralia. gov-aulmyanmar နှင့် www. facebook.com/ studyinaustralia တွင် ကြည့်ရှုနိုင်ကြောင်း သိရသည်။
ဆုလာဘ်
Posted via Blogaway