ငါဆိုတဲ့ မာနတရားကြီးဟာ လောကဓံ
ကောင်းနဲ့ တွေ့ဖို့ မလွယ်ဘဲ လောကဓံဆိုး
နဲ့သာ တွေ့ဖို့များလာပါတယ်
ငါမှ ငါ ကွ မာန ဝင် လာတဲ့လူမှန်သမျှဟာ
ပျက်စီးကြတာပါဘဲ လူတစ်ဖကိသားကို
အလ ကား အ ထင် သေး လေ မိမိသာ
ပျက် စီးလေ ဖြစ်တယ်
အချို့က ငါမှ ငါကွ ထင် တစ်လုံးနဲ့ ဘဝင်
ထိပိ ဆုံးရောက် ပြီး အမြင် မှန် တွေ ဖုံးနေ
တော့တယ် မှောင် နေ ပါတယ်
မာန နဲ့ သ ဘော တရားအ ခြေ ခံ ၂၅ ချက်
ကို သိရင် လောကဓံ ကို ရင် ဆိုင် ရ တာ
သက် သာမယ် မာန သ ဘောဆိုးတွေကို
ရှောင် တော့ လောကဓံဆိုးတွေ ရှောင် နိင်
တာ ပေါ့
မာ န သ ဘောဆိုး၂၅ မျိုးက ဘာလဲဆို
တော့
(၁') အသိဉာဏ် နည်းပါးတာ
(၂) တစ် ခု ကောင်း အားသန် နေတာ
(၃) အ တွေးတိမ် တာ
(၄) ကိုယ့်ထက် မြင့်သူကို အထင်ကြီးတတ်ပြီး နိမ့်သူကို အထင်
သေးတာ
(၅) အတ္တစိတ် လွန်ကဲလွန်းတာ
(၆) လမ်းချစ်စိတ် ရွာချစ်စိတ် မြို့ချစ်စိတ် ပြင်း
ထန် လွန်းတာ (ေ ဒသစွဲ)
(၇) လူမျိုးချစ်စိတ် ပြင်းထန် တာ
(၈) ဘွဲ့ထူး ဂုဏ်ထူး ပိုင် ဆိုင် လာရာမှ
အစွန်းရောက် စိတ် ဝင် လာတာ
(၉) သတိတရားနဲ့ အသိ တရား ကင်း
လွတ် သွားတာ
(၁၀) ဥစ္စာ စု ဆောင်း မိလာရာမှ
ဘဝ မေ့ တာ
(၁၁) ဆွေမျိုးပတ်ဝန်းကျင် ကောင်းရာမှ
ဘဝ မေ့တာ
(၁၂) ဘာသာတရားမေ့ လျော့တာ
(၁၃) မြှောက် ပြော ခြင်းများအ ပေါ် နား
ယောင် တာ
(၁၄) ကြွားပြော လေ့ ရှိတဲ့အကျင့်စွဲလာတာ
(၁၅) ချီးကျူး ခံရမှု တစ်ခုက စလို့ သတိ
လက် လွတ် ဖြစ် လာ တာ
(၁၆) မာန ကြီးစရာ တစ်ကွက် ရရှိပိုင် ဆိုင်
တာ
(၁၇) စိတ္တဇ မာန ဝင် တာ
(၁၈) သူတစ်ပါး အရည်အချင်းကို ကိုယ့်အရည် အချင်းလို့ ထင် တာ
(၁၉) ဂုဏ်ယူ စိတ်နဲ့ ထောင် လွှားစိတ်ကို
သ ဘော မ ပေါက် တာ
(၂၀) စကားပြောရာမှ မာန စိတ် တဖြည်းဖြည်း
ဝင် လာ တာ
(၂၁) ကျန်းမာရေး ကောင်း တာ
(၂၂) မမြင် ဖူး မ ရောက် ဖူးတဲ့ နေရာ
ရောက် ဖူးတာ ( အချို့က နိင် ငံရပ် ခြား
သွားရာမှ ပြန်ရောက် ပြီးလျင် မာနတက်
တတ် သည် သွားဖူးသော လူတိုင်းမဟုတ်)
(၂၃) ကုသိုလ် တွေ အများကြီး ပြုတာ
(အချို့က ကုသိုလ်ရေးအားကောင်းရာမှ
လှူနိင် တယ်ဆို ပြီး မာန ဘက် ရောက်
သွားတယ်)
(၂၄) အကုသိုလ် တွေ ပြုရဲတဲ့ မိုက်မဲမှု
မာန
(၂၅) စိတ်အားတက်ကြွ မှု မထိန်းသိမ်း
နိင် တာ တွေ ဖြစ် တယ
လူဆို တာ မျိုးဟာ ကိုယ်ကိုယ်ကို ချစ်တယ်
ကိုယ့်ကိုယ်ကို သာ အချစ်ဆုံးပါဘဲ
လူ ဟာ ကိုယ့်ကိုယ်ကို ချစ်တဲ့အတွက်
မာန ရှိတာ အမှန် ပါဘဲ ဒါပေမယ့် မာနကို
အမြဲ ထိန်းသိမ်း နိင် ရမယ်
" အတ္တ သမံ ပေမံ နတ္တိ "လို့ ဆို တယ်
လောက နီတိမှာ မိမိနဲ့ တူ သော ချစ်
အပ် သော သူ မရှိတဲ့ဗျာ
ဒါပေမယ့် ချစ်သာချစ်ပါ မာန မကြီးပါနဲ့ မာန
ကြီးရင် လောက ဓံဆိုးနဲ့ တွေ့မယ်
လူ့ဘဝ ရလာတဲ့အခါ မှာ လောက ဓံ
ဆိုးတွေကြုံရတဲ့ အချက် တစ်ဝက်
လောက် ဟာ လောဘနဲ့ မာန နစ်မျိုးကြောင့်
ပါ လောဘ နဲ့ မာန ဟာ အလွန် ကြောက်
စရာ ကောင်းလှတဲ့အတွက် ကြောက်သင့်
လှပါတယ်.

Credit- သုတေသီဘုန်းမြင့်သွေး


SHARE THIS
Previous Post
Next Post