ခရီးသည်တင်ယာဉ်တိမ်းမှောက်သဖြင့် (၁)ဦးသေ၊ (၃)ဦးဒဏ်ရာရ

Yရန်ကုန်၊ စက်တင်ဘာ ၁၀

၉.၉.၂၀၁၄ ရက်နေ့ ၁၅၅၀ အချိန် လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီး
ကားလမ်းအတိုင်း ဖောင်ကြီးကျေးရွာဘက်မှ လှည်းကူးမြို့နယ်ဘက်သို့ လှည်းကူးမြို့နယ်နေ ယာဉ်မောင်း ဇော်လင်းဦး၊ (၃၉)နှစ်မောင်းနှင်လာသော BA---- ဒိုင်နာ (၂၃၉)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် ဥယျာဉ်ဝကျေးရွာ
ထိပ်အနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏၀ဲဘက်သို့ ထိုးကျတိမ်းမှောက်သွား
ခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ထိုသို့ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် လှည်းကူးမြို့နယ်
နေ မခင်လေးကြူ၊ (၄၄)နှစ် မှာ နှာခေါင်းသွေးထွက်ဒဏ်ရာရရှိကာ အခင်းဖြစ်
နေရာတွင်သေဆုံးသွားခဲ့ပြီး ကျန်ခရီးသည် အမျိုးသမီး(၃)ဦးတို့တွင် နာကျင်
ဒဏ်ရာများရရှိခဲ့သဖြင့် ဖောင်ကြီးတိုက်နယ်ဆေးရုံ၌ အတွင်းလူနာ(မစိုးရိမ်ရ)
များအဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ထွက်ပြေးသွားသူ ယာဉ်မောင်း
ဇော်လင်းဦးအား ဖောင်ကြီး နယ်မြေရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၄၊ ပြစ်မှု
ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည။်

Yangon  police new်


SHARE THIS
Previous Post
Next Post