ချော်ချောင်းလိုင်းဘုတ်တိမ်းမှောက်

စည်ပင်သာယာရေးမှလေလံဖြင့် ဝယ်ယူထားသော ၃၇ ပေ အရှည်လိုင်းဘုတ်(ပိုင်ရှင်-ထွန်းအောင်ကျော်(ဖ)ဂေါင်းစောက်) မှာချော်ချောင်းမှ ထွက်လာပြီး မင်းပြားမြို့တောင်ဖက် မင်းဘာကြီးအနီး ကျားပိုက်(ပိုင်ရှင်-အေးစိုးအောင်)တွင် ညှိကာ တိမ်းမှောက်သွားခြင်းဖြစ်ပါသည်။ မင်းဘာကြီးက ငါးဖမ်းစက်လှေများမှ ဝိုင်ဝန်းကယ်ဆယ်ရာမှ ၄၃ ယောက်ကယ်ဆယ်ရရှိခဲ့သည်။သေဆုံးသူ ၂ ယောက်ဖြစ်ပြီး ပျောက်ဆုံးသူ ၇ ယောက်ထိရှိပါသည်။၆ ဦး ဆေးရုံတက်ရောက်နေကြောင်း သတင်းရရှိပါသည်။နံနက် ၁၁ နာရီခွဲတွင် ဖြစ်ပွားပြီး စုစုပေါင်းလိုက်ပါလာသူ ၅၂ ယောက် ဖြစ်ပါသည်။
သေဆုံးသူ ၂ ဦးမှာ-ဒေါ်မသန်းရွှေ(၅၄ နှစ်)ဖ ဦးဖြူချေ(ချော်ချောင်း)
                               ဦးမြသန်း ၄၅ နှစ် (ဖ)ညိုသာအောင( ချော်ချောငး)်
ပျောက်ဆုံး-ဂန်ချောင် ၃ ဦး
                   နန်းချောင် ၃ ဦး
                   ချော်ချောင်း ၁ ဦး
သတင်းရရှိပါသည်။
လေးမြို့ သတင်းမီဒီယာ


Posted via Blogaway

SHARE THIS
Previous Post
Next Post