မုန်တိုင်းကြောင့် အခါလွန်မိုးများ ရွာသွန်းနိုင်

Sunday, December 28, 2014

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ် နေသော မုန်တိုင်းငယ်မှာ ပိုမိုအားကောင်းလာပြီး ဆိုက်ကလုန်း မုန်တိုင်းဖြစ်လာနိုင်ကာ အထက်မြန်မာနိုင်ငံတွင် အချိန်အခါမဟုတ် မိုးများရွာသွန်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတင်းထုတ်ပြန် ထားသည်။

ဒီဇင်ဘာနောက်ဆုံးပတ်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ် ၀န်းမှာ ပိုမိုအားကောင်းလာပြီး ဒီဇင်ဘာ ၂၈ ရက်တွင်မုန်တိုင်းငယ် အဖြစ်သို့ရောက်ရှိလာပြီး ဒီဇင်ဘာ ၃၀ရက်၌ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ရောက်ရှိကာ အိန္ဒိယနိုင်ငံဘက်သို့ ရွေ့လျားမည်ဟု၎င်းက ခန့်မှန်းထားသည်။ ၂၀၁၅ ဇန်န၀ါရီ ၁ရက် ညနေတွင်ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့၏ နယ်စပ်ဒေသအနီးမှ ကမ်းခြေသို့ဝင်ရောက်နိုင်ကြောင်းခန့်မှန်းထားသည်။

သို့သော် အဆိုပါမုန်တိုင်း အရှိန်ကြောင့် ရခိုင်ပြည်နယ် မြောက် ပိုင်းတွင် တစ်နာရီလေတိုက် နှုန်း မိုင် ၄၀မှ ၅၀အထိ တိုက်ခတ်နိုင် သည်။ ထို့အပြင် ရခိုင်နှင့်ချင်း ပြည်နယ်၊ မန္တလေး၊ မကွေး၊စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ရာခိုင်နှုန်းရှိ ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

7Day Daily


Posted via Blogaway

SHARE THIS
Previous Post
Next Post