ပျောက်ဆုံး အဲအေးရှလေယာဉ်ကို ရေဒါများ မထောက်လှမ်းနိုင်သေး

Sunday, December 28, 2014

ညနေ ၆း ၁၉ နာရီ
လေယာဉ်တည်ရှိသော နေရာအချက်ပြလှိုင်းကို ရေဒါများက မထောက်လှမ်းနိုင်သေးကြောင်း အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေး အဖွဲ့အကြီးအကဲ ဆူထရစ်နို၏ ပြောကြားချက်ကို ကိုးကား၍ Detik.com တွင် ဖော်ပြထားသည်။ အင်ဒိုနီးရှားဒုတိယသမ္မတ ဂျူဆွတ်ဖ်ကာလာက ရှာဖွေရေး လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲလျက် ရှိသည်။

ညနေ ၅း ၅၈ နာရီ
အဲအေးရှ်လေကြောင်းလိုင်းမှ အခြားလေယာဉ်တစ်စင်းဖြစ်သော ပီနန်မှ လန်ကာ<ီသို့ ပျံသန်းလာသည့် ပြည်တွင်းခရီးစဉ်အမှတ် AK6242 လေယာဉ်သည် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ကြောင့် ပီနန်သို့ ပြန်လှည့်သွားရကြောင်း မလေးရှားနိုင်ငံ နယူးစထရိတ်တိုင်းမ်သတင်းဌာနက ဖော်ပြထားသည်။

ညနေ ၅း ၂၀ နာရီ
ပျောက်ဆုံးနေသည့် လေယာဉ်နှင့်ပတ်သက်သည့် လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော အဲဘတ်စ်က အဆိုပါလေယာဉ်အား အဲအေးရှ်လေကြောင်းလိုင်းသို့ ၂၀၀၈ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါလေယာဉ်သည် ခရီးစဉ် ၁၃၆၀၀ အကြိမ်အတွင်း နာရီပေါင်း ၂၃၀၀၀ ပျံသန်းပြီးဖြစ်ကြောင်း သိရသည်။

ညနေ ၅း ၁၀ နာရီ
လေယာဉ်အား ရှာဖွေတွေ့ထားကြောင်း သတင်းများထွက်ပေါ်မှုကို မလေးရှားသယ်ယူပို့ဆောင်ရေး ၀န်ကြီး လောင်တီယွန်လိုင်က ငြင်းဆိုထားသည်။
လေယာဉ်ပျောက်ဆုံးနေမှုသည် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် မသက်ဆိုင်ကြောင်း ရဲများ၏ ပြောကြားချက်ကို ကိုးကား၍ မလေးရှား China
Press သတင်းဌာနက ထုတ်ပြန်ထားသည်။

ညနေ ၅း ၅၈ နာရီ

အဆိုပါ လေယာဉ်သည် ဂျာဗားပင်လယ် ဆူမတြာကျွန်းအရှေ့ဘက်ကမ်းရိုးတန်း ဘီလီတွန်ကျွန်း တောင်ဘက် ရေမိုင် ၈၀ မှ ၁၀၀ အတွင်း ရေပြင် တည်နေရာ တောင်ဘက် ၀၃.၂၂.၄၆ နှင့် အရှေ့ ဘက် ၁၀၈.၅၀.၀၇ တွင် ပျက်ကျသွားခြင်းဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား အမျိုးသားရှာဖွေရေးနှင့်
ကယ်ဆယ်ရေးအေဂျင်စီ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဂျကာတာပို့စ်သတင်းဌာနက ဖော်ပြထား သည်။ ရှာဖွေမှုအား တောင်ဘော်နီယိုကျွန်း အနီးရေပြင်တွင် အဓိကထားသွားမည်ဟု အင်ဒိုနီးရှား Metro TV က ဖော်ပြသည်။

မဇ္ဈိမ


Posted via Blogaway

SHARE THIS
Previous Post
Next Post