လေယာဉ်မပျောက်မီ ရာသီဥတုအခြေအနေကြောင့် လမ်းကြောင်းပြောင်းရန် လေယာဉ်မှူး တောင်းဆိုခဲ့

Sunday, December 28, 2014

အင်ဒိုနီးရှားနှင့် စင်္ကာပူနိုင်ငံအတွင်းတွင် ဒီဇင်ဘာ၂၈ရက် အစောပိုင်းက ပျောက်ဆုံး နေသော QZ8501လေယာဉ်မှ လေယာဉ်မှူးသည် ဆိုးရွာသော ရာသီဥတုအခြေနေကြောင့် လေယာဉ်ခရီးစဉ်ကို လမ်းကြောင်းပြောင်းရန် တောင်းဆိုခဲ့ကြောင်း လေကြောင်းလိုင်း၏ ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။

"လေယာဉ်ဟာ လမ်ခရီးတွင် ရာသီဥတုဆိုးရွားတဲ့အတွက် လမ်းကြောင်းပြောင်းဖို့ တောင်းဆိုခဲ့ပါတယ်”ဟု မလေးရှားအခြေစိုက် အဆိုပါ လေယာဉ်ကုမ္ပဏီ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

"လေယာဉ်ဟာ အင်ဒိုနီးရှားလေကြောင်းသွားလာမှု ထိန်းချုပ်ရေးအဖွဲ့(ATC)ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေစဉ် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်ပါတယ်”ဟု ဆိုထားသည်။

အင်ဒိုနီးရှားနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ပျံသန်းနေစဉ် ပျောက်ဆုံးသွားသော အဲအေးရှာလေကြောင်းလိုင်းမှ လေယာဉ်အခြေနေကို
စောင့်ကြည့်လျက်ရှိကြောင်းနှင့် ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။

လူ ၁၅၅ဦးလိုက်ပါသွားသော Airbus A320-200လေယာဉ်သည် အရှေ့ဂျားဗား ပြည်နယ် ဆူရာဘာရာမြို့ ဂျူအန်ဒါ နိုင်ငံတကာ လေဆိပ်မှ ဒီဇင်ဘာ၂၈ရက် နံနက် ၅နာရီ မိနစ်၂၀အချိန်တွင်ထွက်ခွာခဲ့ပြီး စင်္ကာပူနိုင်ငံသို့ နံနက်၈နာရီမိနစ်၃၀အချိန်တွင် ရောက်ရှိ ရမည်ဖြစ်သည်။

"အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အဲအေးရှားမှ Flight 8501နဲ့ပတ်သက်ပြီးတော့ ကျည်းချုပ်ပြောကြားသွားမှာ ဖြစ်ပါတယ်။ အိမ်ဖြူတော်အရာရှိများဟာ အခြေနေကို ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပါတယ်”ဟု အိမ်ဖြူတော် မှ ပြောရေးဆိုခွင့်ရှိသူ အဲရစ်ရှုလတ်ဇ်က ပြောကြားသည်။

ပုံစာ- ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်တွင် ရပ်နားထားသည့် Air Asia လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ- သိင်္ဂီထွန်း၊မဇ္ဈိမ


Posted via Blogaway

SHARE THIS
Previous Post
Next Post