မင်းပြားမြို့ နယ်​ ၊ ​ကျောင်းသား၊သူ​ဟောင်းများ၏ ပထမအကြိမ်​​မြောက်​ မြတ်​ဆရာ ပူ​ဇော်​ပွဲကို စည်​ကားသိပ်​မြိုက်​စွာ ကျင်းပ
(၂၅-၁-၂၀၁၅ ၊ ​လေးမြို့ ​ဒေသတွင်းသတင်းတို)
အဆိုပါ အခမ်းအနားသို့  ​အငြိမ်းစားယူခဲ့ပြီး​သော ပင်​စင်​စားဆရာ၊မ​ပေါင်း ၁၀၀ ​ကျော်​ခန့်တက်​​ရောက်​ခဲ့ပြီး​ကျောင်းသား၊သူ​ဟောင်းအများအပြားတက်​​ရောက်​ခဲ့​ကြောင်း သိရသည်​။
အခမ်းအနားကို စတင်​ဖွင့်​လိုက်​သည်​နှင့်​ တပြိုင်​နက်​ ရခိုင်​အဆို​တော်​ ကိုခိုင်​ပြည်​​ကျော်​မှ မြတ်​ဆရာရတု ကို သီဆိုခဲ့ပြီး မင်းပြားမြို့ နယ်​ ၊ မြို့ နယ်​ပညာ​ရေးမှူး ​ဒေါ်မလှ​ရွှေမှ အဖွင့်​နှုတ်​ခွန်းဆက်​ အမှာစကား​ပြောကြားခဲ့​ကြောင်း သိရသည်​။
ထို့ ​နောက်​ တက်​​ရောက်​လာကြ​သော ဆရာကြီး၊ဆရာမကြီးများအား နယ်​စပ်​​ရေးရာဝန်​ကြီးဌာန ၊ ပညာ​ရေးနှင့်​ ​လေ့ကျင့်​​ရေးဦးစီးဌာန ၊ ညွှန်​ကြား​ရေးမှူး ချုပ်​ ဦးစံ​ရွှေ​အောင်​မှ လှူ​ငွေများကို ကိုယ်​စား​ပေးအပ်​ခဲ့​ကြောင်း သိရသည်​။
ထို့ ​နောက်​ ပွဲကျင်းပ​ရေး​ကော်​မတီများမှ အလှူ​ငွေများ ၊ ​ထောက်​ပံ့ပစ္စည်းများကို ​ပေးအပ်​လှူခဲ့​ကြောင်း သိရသည်​။ထို့ ​နောက်​ တက်​​ရောက်​လာကြ​သော ဆရာကြီးတစ်​ဦးမှ ​ကျေးဇူးတင်​စကား ပြန်​လည်​​ပြောကြားခဲ့ပြီး ပွဲဖြစ်​​မြောက်​​ရေး​ကော်​မတီဝင်​တစ်​ဦးဖြစ်​သူ ဆရာ​ဒေါ်​ဌေး​ဌေးမှ ​အနာဂတ်​ပွဲဖြစ်​​မြောက်​​ရေးအစီအစဉ်​များနှင့်​ ပတ်​သက်​၍ ​ဆွေး​နွေးတင်​ပြခဲ့​ကြောင်း သိရသည်​။
တဖန်​ တက်​​ရောက်​လာကြ​သော ​ကျောင်းသား၊သူ​ဟောင်းများ ကိုယ်​စား ​ဒေါက်​တာ ထွန်း​အေးမှ ရို​သေ​လေးစား​ကြောင်းအမှာစကား ​ပြောကြားခဲပြီး
ရိုးရာအကများဖြင့်​ ကပြ​ဖြေ​ဖျော်​ခဲ့​ကြောင်း သိရသည်​။ ထို့ ​နောက်​ ​နေ့ လည်​ ၃းဝဝ နာရီ အချိန်​တွင်​ အခမ်းအနားကို ​အောင်​မြင်​စွာ ပိတိသိမ်းနိုင်​ခဲ့​ကြောင်း သိရသည်​။
ထိုမြတ်​ဆရာပူ​ဇော်​ပွဲသည်​ မင်းပြားမြို့ အတွက်​ ပထမအကြိမ်​​မြောက်​ ကျင်းပခြင်းဖြစ်​ပြီး ​နောင်​နှစ်​များတွင်​ စဉ်​ဆက်​မပြတ်​ ဆက်​လက်​ကျင်းပနိုင်​ရန်
ရည်​ရွယ်​ထား​ကြောင်း ပွဲဖြစ်​​မြောက်​​ရေး​ကော်​မတီဝင်​တစ်​ဦးဖြစ်​သူ ​ဒေါ်​ဌေး​ဌေး၏​ပြောကြားချက်​အရ သိရသည်​။
ပေးပို့ သူ - ဆရာမြတ်​စိုး​ကျော်
ရေးသူ - သန့်ဇင်
တင်​ဆက်​သူ - ​လေးမြို့ သတင်းမီဒီယာ
Posted via Blogaway
SHARE THIS
Previous Post
Next Post