စစ်​​မြေပြင်​​ရောက်​တပ်​မ​တော်​စစ်​သည်​များအတွက်​ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့ မှ ကျပ်​သိန်း​ပေါင်း ၁၅၄၁ ​ကျော်​လှူဒါန်း

(၂၀-၂-၂၀၁၅ ၊ ​လေးမြို့ ​ဒေသတွင်းသတင်း)

ရှမ်းပြည်​နယ်​​မြောက်​ပိုင်းတွင်​ ဖြစ်​ပွား​နေ​သော
တပ်​မ​တော်​နှင့်​ ကိုးကန့်​တပ်​တို့ ၏ တိုက်​ပွဲများ
အတွင်း တပ်​မ​တော်​ဘက်​မှ ကျဆုံးသွားခဲ့​သော စစ်​သည်​များနှင့်​ ကျန်​ရစ်​သူမိသားစုဝင်​များအား ကူညီ​ထောက်​ပံ့သည့်​ အလှူ​ငွေ​ပေးအပ်​သည့်
အခမ်းအနားတစ်​ခုကို ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့ မှ ကြီးမှူး၍ မ​နေ့ ​(ဖေ​ဖေါ်ဝါရီ ၁၉ ရက်​)က စစ်​​တွေမြို့  ၊ ဦးဥတ္တမခန်းမတွင်​ ကျင်းပခဲ့​ကြောင်း Narinjara မှ ကိုစံ​မောင်​သန်း၏ ​ရေးသား​ဖော်​ပြချက်​အရ သိရသည်​။

အဆိုပါအခမ်းအနားသို့  ရခိုင်ပြည်နယ်ဝန်ကြီး
ချုပ်၊ ပြည်နယ် အစိုးရ ၀န်ကြီးများ၊ အနောက်ပိုင်း
တိုင်းမှူး ဗိုလ်ချုပ် အောင်လင်းဒွေး အပါအ၀င် တပ်မတော်မှ အရာရှိများ၊ လွှတ်တော်အမတ်
အချို့နှင့် ဒေသခံ ပြည်သူ  ၂၀၀ ကျော် တက်ရောက်ခဲ့​ကြောင်း သိရပြီး အလှူ​ငွေစုစု
ပေါင်း ကျပ်​သိန်း ၁၅၄၁ ခန့် ​ကောက်​ခံ
ရရှိခဲ့​ကြောင်း သိရသည်​။

အဆိုပါ အခမ်းအနားသည်​ ထိုအခမ်းအနားသည်​ တိုင်းပြည်အတွက် အသက်ပေးလှူသွားသော စစ်သည်များ၏ ကျန်ရစ် မိသားစုများနှင့် တာဝန်ထမ်းဆောင်စစ်သည်များအား ဂုဏ်ပြုထောက်ပံ့သော အခမ်းအနား ဖြစ်ပါကြောင်း အခမ်းအနားသို့ တက်​​ရောက်ခဲ့သူ
ရခိုင်​ပြည်​နယ်​၊ ဝန်​ကြီးချုပ်​ ဦး​မောင်​​မောင်​အုန်း က ​ပြောကြားခဲ့​ကြောင်း သိရသည်​။

ရေးသားသူ-ထက်​ထက်​ခိုင်
တင်​ဆက်​သူ - ​လေးမြို့ သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post