အစိုးရစစ်​တပ်​ဘက်​မှ ရဟတ်​ယာဉ်​(၃)စီး အသုံးပြုပြီး ပစ်​ခတ်​ခဲ့သည့်​ အစိုးရတပ်​နှင့်​ ကိုးကန့်တပ်​တို့ တိုက်​ပွဲတွင်​ နှစ်​ဖက်​တပ်​သားအချို့ အကျအဆုံးရှိခဲ့



(၁၀-၂-၂၀၁၅ ၊ ​လေးမြို့ ပြည်​တွင်းသတင်းတို)

ယမန့်​နေ့ က ရှမ်းပြည်​နယ်​ ၊ ​အ​ရှေ့ ​မြောက်​ပိုင်းတွင်​ ဖြစ်​ပွားခဲ့​သော အစိုးရစစ်​တပ်​နှင့်​ ကိုးကန့်လက်​နက်​ကိုင်​တပ်​ဖွဲ့  MNDAA တို့ တိုက်ပွဲ​တွင်​ အစိုးရစစ်​တပ်​ဘက်​မှ ရဟတ်​ယာဉ်​ (၃)စီး ဖြင့်​ ဝင်​​ရောက်​ပစ်​ခတ်​ခဲ့​ပြီး နှစ်​ဖက်​တပ်​သားအချို့ အကျအဆုံးရှိခဲ့ ​ကြောင်း
ကိုးကန့်တပ်​ဖွဲ့ ​ပြော​ရေးဆိုခွင့်​ရှိသူ ဦးထွန်းမြတ်​လင်း၏ ​ပြောကြားချက်​အရ သိရသည်​။

အဆိုပါ တိုက်​ပွဲဖြစ်​ပွားခဲ့​သော ကိုးကန့်တပ်​ဖွ့မျာဲး့ သည်​ ဖုန်​ကြားရှင်​ ဦး​ဆောင်​​သော MNDAA ဖြစ်​ကြောင်း သိရပြီး နှစ်​ဖက်​တပ်​ဖွဲ  အပြန်​အလှန်​ အပြင်းအထန်​တိုက်​ခဲ့ ရ​ကြောင်း သိရသည်​။အဆိုပါ တိုက်​ပွဲတွင်​ အစိုးရဘက်​မှ
(၃)ဦး ထိမှန်​ခဲ့​ကြောင်း သိရပြီး ကိုးကန့်ဘက်​မှ (၄)ဦး ဒဏ်​ရာရခဲ့​ကြောင်း ဦးထွန်းမြတ်​လင်း၏ ​ပြောကြားချက်​အရ သိရသည်​။

တိုက်​ပွဲသည်​ ​​မော်​ထိုက်​ ၊ ကုန်​ကြမ်း ၊ ​တောက်​​ရွှေ နှင့်​ ​လောက်​ကိုင်​ အ​နောက်​ဘက်​ စ​သော ​နေရာ (၄) ခုတွင်​ ဖြစ်​ပွားခဲ့ပြီး အဆိုပါတိုက်​ပွဲ​ကြောင့်
လောက်​ကိုင်​​ဒေသခံ ပြည်​သူအများအပြား တရုတ်​ပြည်​ဘက်​သို့  ထွက်​​ပြေးထိမ်း​ရှောင်
ခဲ့ကြရ​ကြောင်း သိရသည်​။

ဓာတ်​ပုံ- ပြန်​ကြား​ရေး ဝန်​ကြီးဌာန
ေ​ရးသားသူ-မင်းမြတ်​ခိုင်
့သတင်းတင်​ဆက်​သူ- ​လေးမြို့ သတင်းမီဒီယာ

Posted via Blogaway


SHARE THIS
Previous Post
Next Post