မောင်တောမြို့နယ်အတွင်း ညမထွက်ရအမိန့် ဆက်လက်ထုတ်ပြန်


အကြမ်းဖက်မှုများ ဖြစ်ပွါးခဲ့သည်မှာ ၂ နှစ်ကျော်ကာလကို ရောက်ရှိနေပြီဖြစ်သော်လည်း မောင်တောဒေသတွင်း လုံခြုံရေးအခြေအနေမှာ စိုးရိမ်နေရသည့် အအြေအနေတွင် ရှိနေသည့်အတွက် မောင်တောမြို့နယ်အတွင်း ညမထွက်ရအမိန့်ကို ဖေဖေါ်ဝါရီ ၈ ရက်နေ့က ဆက်လက်ထုတ်ပြန်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ကြေညာချက်အရ သိရှိရသည် ။

"" ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ဆက်ထုတ်ထားတာ မောင်တောနယ်စပ်ဒေသအတွက် အကောင်းဆုံးပါဘဲ ။ အခုလို ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အချိန်မှာတောင် ဓါးပြတိုက်ခံရမှု ၊ အခိုးခံရမှု ၊ ပြန်ပေးဆွဲခံရမှုတွေက မကြာခဏဖြစ်နေပါတယ် "" ဟု မောင်တောမြို့ခံတစ်ဦးကပြောသည် ။
ရခိုင်ပြည်နယ်တွင် ပုဒ်မ ၁၄၄ ကို မြို့နယ်အများစုတွင် ထုတ်ပြန်ခဲ့ရသော်လည်း ဒေသတွင်းတည်ငြိမ်မှုအခြေအနေကိုကြည့်ကာ အချိန်လျှော့ပေးခြင်း ၊ ပြန်လည်ရုပ်သိမ်းခြင်းများကို ပြုလုပ်ပေးနေသော်လည်း ဘင်္ဂလီအများစုရှိနေသည့် ဒေသများတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဆက်လက်ထုတ်ပြန်နေရဆဲဖြစ်သည် ။

ဒီမိုကရေစီတူဒေး


SHARE THIS
Previous Post
Next Post