အိုင်အက်စ်စစ်သွေးကြွများက ဓားစာခံများအား လှောင်ချိုင့်ထဲ ထည့်ကာ စီတန်းလှည့်လည်

အိုင်အက်စ်စစ်သွေးကြွများက ၄င်းတို့ဖမ်းဆီးခေါ် ဆောင်ထားသည့် အီရတ်ကာဒစ္စတန်စစ်သား ဓားစာခံများ အား လှောင်ချိုင့်ထဲတွင်ထည့်ကာ အီရတ်နိုင်ငံရှိ ၄င်းတို့ သိမ်းပိုက်ထားသော နယ်မြေများအတွင်း ကားများဖြင့် စီတန်းလှည့်လည်ခဲ့သည့်ဗီဒီယိုဖိုင်တစ်ခုကို တွစ်တာ စာမျက်နှာပေါ်တွင်ယနေ့ ပြသခဲ့သည်။

ဗီဒီယိုဖိုင်ထဲတွင် ဓားစာခံ၂၁ယောက်ကို လိမ္မော်ရောင် အင်္ကျီများဝတ်ဆင်ထားပြီး အီရတ်နိုင်ငံ ကာကွဒ်စီရင်စု အတွင်း လူစည်ကားသောနေရာများတွင် စီတန်းလှည့်လည် ပြသခဲ့သည်။

မျက်နှာဖုံးစွပ်ထားကာ အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေးအလံများကို ဝှေ့ရမ်းပြီး လက်နက်များ ကိုင် ဆောင်ထားသည့် စစ်သွေးကြွများက ဓားစာခံများဘေးမှ လိုက်ပါခဲ့သည်။ ဓားစာခံတစ်ဦးစီကို ကားတစ်စင်းစီဖြင့် လှည့်လည်ခဲ့သည်။

ဓားစာခံများအား လှည့်လည်ပြသနေစဉ် စစ်သွေးကြွ တစ်ဦးက ဓားစာခံများအား ရင်တွင်းခံစားချက်များကို အင်တာဗျူးခဲ့သည်။
''အစ္စလာမ္မစ်နိုင်ငံထူထောင်ရေးဗီဒီယိုဖိုင်အသစ် ထဲမှာ အီရတ်ကာဒစ္စတန်စစ်သားတွေကို စီတန်းလှည့်လည် ပြသနေပြီ''ဟု လန်ဒန်ကင်းကောလိပ်ကျောင်းသား ရှီရက်ဂ်ျမာဟာက ၄င်း၏ တွစ်တာစာမျက်နှာပေါ်တွင်ရေး သားထားသည်။

ယခုဗီဒီယိုဖိုင်သည် ယခင်ပြသခဲ့သောဗီဒီယိုဖိုင်များ လောက် ဆိုးရွားမှုမရှိသော်လည်း အဆုံးသတ်တွင်မှု ဓားစာခံများအသက်စတေးရနိုင်ကြောင်း ရှီရက်ဂ်ျမာဟာ က သူ၏ထင်မြင်ယူဆချက်ကို ပြောသည်။

ဒေးလီးမေးလ်
The Mirror Daily



SHARE THIS
Previous Post
Next Post