White Card ကိစ္စတွင်​ NGO များအ​နေဖြင့်​ ဝင်​​ရောက်​စွပ်​ဖက်​ခြင်းမပြုရန်​ ဝန်​ကြီးချုပ်​ ​မောင်​​မောင်​အုန်း ​သတိ​ပေး

(၁၄-၂-၂၀၁၅ ၊ ​လေးမြို့  ည​နေခင်းသတင်း)

White Card များအား ဖျက်​သိမ်းလိုက်​ပြီဖြစ်​​ကြောင်း အစိုးရ၏ တရားဝင်​ထုတ်​ပြန်​ချက်​အရ ရခိုင်​ပြည်​နယ်​အတွင်းရှိ White Card ကိုင်​​ဆောင်​သူများထံမှ White Card များအား
ပြန်​လည်​သိမ်းဆည်းသည့်​ကိစ္စတွင်​ နိုင်​ငံတကာNGO များအ​နေဖြင့်​ ဝင်​​ရောက်​စွပ်​ဖက်​ခြင်း မပြုကြရန်​ ​ရခိုင်​ပြည်​နယ်​ ဝန်​ကြီးချုပ်​ဦး​မောင်​​မောင်​အုန်းက ​သတိ​ပေးလိုက်​​ကြောင်း Mizzima မီဒီယာ၏ ​ဖော်​ပြချက်​အရ သိရသည်​။

ဖေ​ဖော်​ဝါရီလ ၁၂ ရက်​​နေ့ က ဦး​မောင်​​မောင်​အုန်းသည်​ ရခိုင်​ပြည်​နယ်​အတွင်း White Card အ​ရေးကိစ္စနှင့်​ ဆူပူမှုများ ထပ်​မံမဖြစ်​ပွား​စေရန်​အတွက်​ နိုင်​ငံတကာအဖွဲဘ့အစည်းများကို ​ခေါ်ယူကာ ယခုကဲ့သို့ ​သတိ​ပေးလိုက်​ခြင်း ဖြစ်​​ကြောင်း သိရသည်​။

''NGOတွေအနေနဲ့ အကူအညီပေးရေးလုပ်ငန်းတွေ လုပ်တဲ့နေရာမှာ ဘင်္ဂါလီ အဖွဲ့အစည်းတွေနဲ့ အဓိကတွေ့ဆုံ တာဖြစ်တယ်။ သူတို့အနေနဲ့ ဝှိုက်ကတ်နဲ့ပတ် သက်ပြီး စွက်ဖက်တာ မလုပ်ဘဲ ကိုယ့်ရဲ့ အကူအ ညီပေးရေး လုပ်ငန်းတွေ ကိုပဲ ကိုယ်အာရုံ စိုက်ဖို့ကို သတိပေး ခဲ့တာပါ''ဟု ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ကပြောကြားခြင်း ဖြစ်​​ကြောင်း သိရသည်​။

သို့ ​သော်​ ရခိုင်​ပြည်​နယ်​အတွင်းရှိ White Card ကိုင်​​ဆောင်​သူအချို့ ကWhite Card များ ပြန်​လည်​အပ်​နှံပြီးပါက နိုင်​ငံသားအသိအမှတ်​ပြုကဒ်​များ ရရှိနိုင်​လိမ့်​ဟု ယူဆ​နေကြ​ကြောင်း အဆိုပါ မီဒီယာ၏ ​ဖော်​ပြချက်​အရ သိရသည်​။

''ဒေသခံတွေနဲ့ NGOတွေကြား မှာနား လည်မှု ယူနေရတဲ့ အခြေအနေ မျိုးဖြစ် တဲ့အတွက် ဆင်ခြင်နိုင်ဖို့ ဝန် ကြီးချုပ် တစ်ယောက် အနေနဲ့ ကြိုတင်သတိပေး တာဖြစ် ပါတယ်။ တစ်ဖက်ကို စွပ်စွဲတာမျိုး မဟုတ်ပါဘူး'' ဟု ဝန်​ကြီးချုပ်​က ထပ်​​ပြောခဲ့​ကြောင်း သိရသည်​။

White Card နှင့်​ မဲ​ပေးခွင့်​ရရှိနိုင်​မည်​ ဆို​သော
လွန်​ခဲ့​သောရက်​ပိုင်းက လွှတ်​​တော်​၏ ဆုံးဖြတ်​ချက်​ကို ရခိုင်​ပြည်​နယ်​အတွင်း ပြင်းပြင်းထန်​ထန်​ ကန့်ကွက်​​နေကြအချိန်​၌
ယခုကိစ္စဖြစ်​​ပေါ်လာခဲ့ခြင်း ဖြစ်​​ကြောင်း သိရသည်​။

ရေးသားသူ-မာရုသူရ
ဓာတ်​ပုံ-Mizzima
တင်​ဆက်​သူ-​လေးမြို့  သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post