မြန်မာ့စစ်ရေယာဉ်များ မာန်အောင်ကျွန်းအနောက်ဘက်တွင် စစ်ရေး လေ့ကျင့်မည်

တပ်မတော်(ရေ)မှ စစ်ရေယာဉ်များသည် ရခိုင်ပြည်နယ် မာန်အောင်ကျွန်း အနောက်ဘက်တွင် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

စစ်ရေး လေ့ကျင့်မှု ပြုလုပ်စဉ် အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်း ထုတ်ပြန်ထားသည်။

အဆိုပါစစ်ရေယာဉ်များသည် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များလေ့ကျင့်ပစ်ခတ်ခြင်းများကို မာန်အောင်ကျွန်းအနောက်ဘက်ရှိ ရေပြင်တွင် မတ်လ ၂၇ ရက်မှ ဧပြီ ၆ ရက်အတွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့လေ့ကျင့်ဆောင်ရွက်နေစဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါဧရိယာမှ ငါးမိုင်ပတ်လည်တွင် သင်္ဘောကြီး/ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်းမရှိစေရန်နှင့် လေယာဉ်နှင့် ရဟတ်ယာဉ်များအနေဖြင့်လည်း အမြင့်ပေ ၁၅ဝဝဝ အောက်ဖြတ်ကျော်ပျံသန်းခြင်းမပြုကြရန် သက်ဆိုင်ရာက အသိပေးထုတ်ပြန်ထားသည်။

From + Narinjara



SHARE THIS
Previous Post
Next Post