(၂၉-၄-၂၀၁၅ ၊ လေးမြို့  သတင်း)
ရက္ခိုင့်တပ်မတော် AA ကို အားပေးသည်ဆိုပြီး ကျောက်တော်မြို့ နယ် ၊ ဝဲကြီးထောင့် လင်းစင်ရွာသား ၇၀ ခန့် လောက်ကို အစိုးရစစ်တပ်က ဖမ်းဆီး နှိပ်စက်ညှဉ်းပမ်းနေသည်ဟု နိရဉ္စရာတွင် ယနေ့  ဖော်ပြထားသည်။
အစိုးရစစ်တပ်နှင့် ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ရွာသားများအား အစိုးရက ဧပြီ ၂၃ ရက်နေ့ ကစတင်၍ ဖမ်းဆီးစစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိရာ ယခုအခါ လူ ၇၀ ဝန်းကျင်ခန့် လောက်ရှိသွားပြီဖြစ်ပြီး ညှဉ်းပမ်းနှိပ်စက်မှုများရှိနေသဖြင့်  ဒေသခံတို့  ကြောက်လန့် နေကြရကြောင်း သိရသည်။
“ ကျွန်တော်တို့ကို ရက္ခိုင့်တပ်မတော်ကို အားပေးတယ်ဆိုပြီး ဖမ်းဆီးတာပါ။ အရိုက်ခံရပြီး ခေါင်းကွဲသူကွဲ၊ လက်ကျိုးသူကျိုး အဲသလိုမျိုး ဖြစ်နေပါတယ်။ ၀ဲကြီးထောင့်နဲ့ ရွာသစ်ကြားမှာ မူလတန်းကျောင်းမှာ ဖမ်းဆီးပြီး အဲသလိုမျိုး ပြုလုပ်နေတာပါ” ဟု အမည်မဖော်လိုသူ ရွာသား တစ်ဦးက ပြောသည်။-(Narinjara)
အစိုးရစစ်တပ်များသည် တိုက်ပွဲဖြစ်ပွားရာ ဒေသတစ်လျှောက် ရက္ခိုင့်တပ်မတော်၏ လက်နက်သိုလှောင်ထားရှိရာနေရာများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးလျှက်ရှိပြီး AA နှင့် ဆက်စပ်နိုင်သည်ဟု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစစ်ဆေးမေးမြန်းမှုတွင် ညှဉ်းပမ်းနှိပ်စက်မှုအမှန်တကယ်ရှိမရှိနှင့် ပတ်သက်၍ အစိုးရစစ်တပ်ဖက်မှ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
ရေးသားသူ-မင်းမြတ်ခိုင်
ဓာတ်ပုံ - Tun Naing
တင်ဆက်သူ-လေးမြို့  သတင်းမီဒီယာ
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)