တိုက်​ပွဲများဖြစ်​ပွားရခြင်း ဇာစ်​မြစ်​မှာ အစိုးရစစ်​တပ်​မှ စတင်​ထိုးစစ်​ဆင်​တိုက်​ခိုက်​မှု​ကြောင့်​ဟု AA ကဆို

(၂၅-၄-၂၀၁၅ ၊ ​လေးမြို့ တိုက်​ပွဲသတင်း)

ရခိုင်​ပြည်​နယ်​အတွင်း မတ်​လ​နောက်​ဆုံးပိုင်း​လောက်​က စတင်​ဖြစ်​ပွားခဲ့​သော အစိုးရစစ်​တပ်​နှင့်​ ရက္ခိုင့်​တပ်​မ​တော်​ AA တို့ ကြားတိုက်​ပွဲများ၏ မူလအစပထမဇစ်​မြစ်​မှာ အစိုးရစစ်​တပ်​ဖက်​မှ စတင်​ထိုးစစ်​ဆင်​တိုက်​ခိုက်​မှု​ကြောင့်​ဟု ရက္ခိုင့်​တပ်​မ​တော်​ AAမှ ဒုစစ်​ဦးချုပ်​ ​ဒေါက်​တာညိုထွန်း​အောင်​က ​ပြောကြားခဲ့​ကြောင်း မဇ္စျိမသတင်းတွင်​ ​ဖော်​ပြထားသည်​။

"ကျွန်တော်တို့ ထောက်ပို့ စစ်ကြောင်းတစ်ခုကို ထိုးစစ်ဆင်ရာက နေပြီးဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့တော့ တိုက်ပွဲမဖြစ်ပါဘူး အစိုးရက ထိုးစစ်ဆင်လာတာတွေ မရှိရင် တိုက်ပွဲအရှိန်လျော့သွားမှာပါ။ ဒါမှမဟုတ် ထိုးစစ်ဆက် လာမယ်ဆိုရင်လည်း တိုက်ပွဲက ပြင်းထန်လာမှာပါ" ဟု ​ဒေါက်​တာညိုထွန်း​အောင်​က ​ပြောကြားခဲ့​ကြောင်း သိရသည်​။

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်ခံမည်မဟုတ်​ဘဲ
အပစ်အခတ်ရပ်စဲရေး စာချုပ်တွင်လက်မှတ်ထိုးနိုင်​ရန် ပြင်ဆင်နေသည်ဟု သူကဆိုခဲ့​ကြောင်း သိရသည်​။

အဆိုပါ ဒေါက်တာညိုထွန်းအောင်၏ ပြောဆိုမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် နယ်စပ်တိုင်းရင်းသား ဖွံ့ဖြိုးရေး ဦးစီးဌာနမှ စစ်ဘက်အရာရှိတစ်ဦးကမူ ဒုက္ခသည်များကို အကူအညီပေးရန် စီစဉ်လျက်ရှိပြီး အခြေအနေ အသေးစိတ်ကို မသိဟု​ပြောဆိုခဲ့​ကြောင်း သိရသည်​။

ရေးသားသူ - မင်းမြတ်​ခိုင်
တင်​ဆက်​သူ - ​လေးမြို့ သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post