မင်းပြား၊ကျိန်း​တောင်​ဇီဝှါဓာတ်​​တော်​၏ ဗုဒ္ဓပူဇနိယပွဲ​တော်​ကြီးကို အစဉ်​အလာမပျက်​စည်​ကားသိုက်​မြိုက်​စွာ ကျင်းပမည်


(မင်းပြား - ဧပြီ ၁၈)

ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ရှိ အထင်​ကရပွဲ​တော်​တစ်​ခုဖြစ်​​သော ကျိန်း​တော်​ဇီဝှါဓာတ်​​တော်​၏ ဗုဒ္ဓပူဇနိယပွဲ​တော်​ကြီးကို ယခုနှစ်​တွင်​လည်း အစဉ်​အလာမပျက်​ စည်​ကားသိုက်​မြိုက်​စွာ ကျင်းပပြုလုပ်​သွားမည်​ ဖြစ်​​ကြောင်း သိရသည်​။

ပွဲ​တော်​ရက်​မှာ ၁၃၇၇ ခု၊ ကဆုန်လဆန်း (၅)ရက်​နေ့ မှ (၉)ရက်​နေ့ ထိ၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၂)ရက်​နေ့ မှ (၂၆)ရက်​နေ့ ထိ၊ (၅)ည (၅)ရက်တိုင်တိုင် စည်စည်ကားကား ကျင်းပ ပြုလုပ်​သွားမည်​ဖြစ်​​ကြောင်း သိရသည်​။

ပွဲ​တော်​အစ​နေ့ ၊ မနက်​အာရုဏ်​တက်​တွင်​ ဆီးမီးတစ်​​ထောင်​ ၊ ပန်းတစ်​​ထောင်​ပူ​ဇော်​ခြင်း ၊
ဗုဒ္ဓဘိ​သေကအ​နေကဇာတင်​ပူ​ဇော်​ခြင်း ၊ပရိတ်​တရား​တော်​များ ရွတ်​ဖတ်​ပူ​ဇော်​ခြင်း ၊ သံဃာဒါန ဆွမ်းကပ်​ လှူဒါန်းခြင်း ၊ မဟာပဋ္ဌာန်း​ဒေသနာ​တော်​များ ၂၄ နာရီ  ရွတ်​ဖတ်​ ပူ​ဇော်​ခြင်းများအပြင်​ ရခိုင်​ရိုးရာကျင်​ပွဲကိုလည်း တစ်​ခမ်းတစ်​နားပြုလုပ်​ကျင်းပသွားမည်​ဖြစ်​ပြီး
ညပိုင်းတွင်​ ရတနာသန်း​အောင်​-အဆင့်​မြင့်​ဇာတ်​သဘင်​ကြီးဖြင့်​ ၄ ညတိုင်​တိုင်​ ကပြ​တင်​ဆက်​သွားမည်​ဖြစ်​ပါ၍ ​အနယ်​နယ်​အရပ်​ရပ်​မှ မိဘပြည်​သူများအ​နေဖြင့်​ လည်​​ရောက်​လည်​ပတ်​ပွဲ​တော်​ဆင်​နွဲကြပါရန်​ မင်းပြားမြို့ သူ၊သားများကိုယ်​စား ​လေးမြို့  မီဒီယာမှ ဖိတ်​​ကြားအပ်​ပါသည်​။

မင်းမြတ်​ခိုင်
လေးမြို့  သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post