ဦးစိုးတင့်​ ဆန်​စက်​တန်း​ မီး​လောင်​မှု​ သိန်း​ပေါင်းများစွာ ဆုံးရှုံး

(​မေ ၁၅ ၊ ၂၀၁၅-​လေးမြို့ သတင်း)

ယ​နေ့  မနက်ပိုင်းက ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့၊ ဦးစိုးတင့်​ရပ်​ကွက်​ရှိ ဆန်​စက်​တန်းတွင်​ ​လောင်​ကျွမ်းခဲ့​သော မီး​​ကြောင့်​ ဆန်​စက်​တန်းတစ်​ခုလုံး
မီး​လောင်​ပျက်​စီးခဲ့ရပြီး သိန်း​ပေါင်းများစွာ ဆုံးရှူံး နစ်​နာခဲ့ရ​ကြောင်း သိရသည်​။

မီးသည်​ မနက်​ ၂ နာရီခန့်​လောက်​က ဆန်​စက်​တစ်​လုံးမှ စတင်​​လောင်​ကျွမ်းခဲ့ခြင်းဖြစ်​ပြီး မီးသတ်​ကား ၆ စီးဖြင့်​ ငြိမ်းသတ်​ရန်​ ကြိုးစားခဲ့​သော်​လည်း မီးသတ်​ကားဖြတ်​​ကျော်​ရန်​ တံတားခိုင်​ခံမှုမရှိခြင်းနှင့်​ ကားကိုယ်​ထည်​မဆန့် ခြင်းတို့ ​ကြောင့်​ တံတားကို ဖြတ်​​ကျော်​ခွင့်​မရသဖြင့်​ အခက်​အခဲရှိခဲ့​ကြောင်း သိရသည်​။ထို့အပြင်​ မင်းပြားတွင်​ ​ရေရှားပါးမှု​ကြောင့်​လည်း မီးသတ်​ကား ​ရေသယ်​မှုအနည်းငယ်​ အခက်​အခဲရှိ​ကြောင်း မျက်​မြင်​ပြည်​သူတစ်​ဦးဖြစ်​သူ ဦးလှ​မောင်​က ​ပြောကြားသည်​။

သို့ ​သော်​ မီး​လောင်​မှုသည်​ မြို့ နယ်​မီးသတ်​တပ်​ဖွဲ့  နှင့်​ ပြည်​သူတို့ ပူး​ပေါင်းငြိမ်းသတ်​မှု​ကြောင့်​ နံနက်​ ၆ နာရီအချိန်​တွင်​ မီးညွှန့်ကျိုးခဲ့​ကြောင်း သိရသည်​။

အဆိုပါမီး​လောင်​မှု​ကြောင့်​ ဆန်​စက်​ ၅ လုံး ၊ သစ်​စက်​ ၂ လုံး ၊ ဆီစက်​ ၁ လုံး နှင့်​ လူ​နေအိမ်​ ၁၀ ​ကျော်​ခန့်​ ပျက်စီးဆုံးရှုံးခဲ့ရ​ကြောင်းသိရပြီး
ပျက်​စီးဆုံးရှုံးမှုမှာ ကာလတန်​ဖိုး သိန်း တစ်​​သောင်းနီးပါးခန့် သိရသည်​။

မီး​လောင်​ဆုံးရှံးခဲ့ရသည့်​ ​စက်​များစာရင်းတွင်​ ဦးစိန်​မင်း ဆီစက်​နှင့်​ ဆန်​စက်​ ၊ ဦးဘိုသန်း ဆန်​စက်​ ၊ ဦးသန်းထွန်း ဆန်​စက်​ ၊ ဦးမဲနိုင်​ သစ်​စက်​ ၊ ဦး​မောင်​ထွန်းကြည်​ သစ်​စက်​ ၊ ဦးသာစိန်​ထွန်း
(အလယ်​ပိုင်း​ရပ်​ကွက်​ ​-ဥက္ကဌ)နေအိမ်​ တို့  ​ပါဝင်​​ကြောင်း အမည်​စာရင်းရရှိထားပြီး ကျန်​စက်​များနှင့်​ လူ​နေအိမ်​များစာရင်းကို ဆက်​လက်​စုံစမ်း​နေ​ကြောင်း ရဲတပ်​ဖွဲ့ဝင်​တစ်​ဦး၏ ​ပြောကြားချက်​အရ သိရသည်​။

မီး​လောင်​ရသည့်​ အ​ကြောင်းအရင်းနှင့်​ မည်​သည့်​စက်​ရုံမှ စတင်​​လောင်​ကျွမ်းသည်​ ဟူသည့်​အ​ပေါ် ​ကောလာဟလများ အမျိုးမျိုးထွက်​​ပေါ်​နေ​သော်​လည်း အတိအကျသိရှိနိုင်​ရန်​ စုံစမ်း​နေဆဲဖြစ်​​ကြောင်း ရဲတပ်​ဖွဲ့ဝင်​တစ်​ဦးမှ အတည်​ပြု​ပြောကြားသည်​။

ယခုအခါ မီး​လောင်​မှု​ကြောင့်​ အိမ်​​ထောင်​စု ၃၀ ​ကျော်​​လောက်​ အိုးမဲ့အိမ်​မဲ့ဖြစ်​​နေပြီး မြို့နယ်မီးသတ်​တပ်​ဖွဲ့  ၊ အရန်​မီးသတ်​တပ်​ဖွဲ့ဝင်​များ၊ ရဲတပ်​ဖွဲ့ ၊ တပ်​မ​တော်​နှင့်​  ပြည်​သူများက မီးလုံးဝငြိမ်းသွား​စေ​ရေးအတွက်​ ပူး​ပေါင်းငြိမ်းသတ်​လျက်​ရှိ​ကြောင်း သိရသည်​။

မာရုသူရ
(​လေးမြို့  သတင်းမီဒီယာ)



SHARE THIS
Previous Post
Next Post