စစ်တပ်က မြေယာသိမ်းဆည်းမှု ရခိုင်ပြည်နယ်တွင် အများဆုံးဖြစ်

ကချင်ပြည်နယ်မှလွဲ၍ ကျန်ပြည်နယ် ခြောက်ခုအနက် ရခိုင်ပြည်နယ်သည် စစ်တပ်က မြေယာသိမ်းဆည်းထားမှု အများ ဆုံးဖြစ်ကြောင်း ၈၈ မျိုးဆက် (လယ်ယာစီးပွားနှင့် တောင်သူ လယ်သမားရေးရာဌာန) က ကောက်ယူထားသည့် စစ်တမ်းအရ သိရသည်။

မြေယာပြဿနာနှင့် ပတ် သက်၍ ပြည်နယ် ခြောက်ခုသို့ လေ့လာစစ်တမ်းကောက်ယူခဲ့ရာ စစ်တပ်က မြေယာသိမ်းဆည်းမှုမှာ ရခိုင်ပြည်နယ်တွင် အများဆုံးဖြစ်ပွားပြီး ရှမ်း၊ မွန်နှင့်ကရင်ပြည် နယ်တို့တွင်လည်း ဖြစ်ပွားလျက် ရှိကာ ချင်းပြည်နယ်သည် မြေယာ သိမ်းဆည်းမှုအနည်းဆုံးဖြစ် ကြောင်း အဆိုပါဌာန ဒုတိယတာဝန်ခံ  ဦးမျိုးသန့်က  ပြောကြားသည်။

‘‘ကချင်ပြည်နယ်ကိုတော့ သွားပြီး စစ်တမ်းမကောက်ရသေး ဘူး။ ရခိုင်ပြည်နယ်မှာဆို စစ်တပ် က တစ်တပ်ပြီး တစ်တပ် လယ် ယာတွေ သိမ်းထားကြတာ။ စစ် တွေမှာဆို အများကြီးပဲ။ ဆယ်မိုင် လောက်ရှိတဲ့တပ်တွေက သူတို့ မြေတွေကို ပြန်ပြီး မစွန့်လွှတ်ဘဲနဲ့ အမ်းမြို့နယ်မှာရှိတဲ့ လယ်ယာ တွေကိုပါ ထပ်ပြီး သိမ်းထားသေး တယ်’’ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် လယ် ယာမြေများကို တပ်ရင်း ၁၄ ခုက သိမ်းဆည်းထားပြီး လက်အောက် ခံ တပ်ခွဲငယ်များ အပါအဝင် စစ် တပ် ၂၂ ခုခန့်ရှိကြောင်း၊ လယ် ယာမြေများကို ဧက ၃၀၀ မှ ၇၀၀ အထိအပြင် အချို့မှာ ၉၀၀ ကျော် ရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေ သကြီးတို့တွင် လယ်ယာမြေသိမ်း ဆည်းမှု မတူညီဘဲ တိုင်းဒေသကြီး၌ မြို့စွန့်မြို့ဖျားရှိ လယ်ယာများကို သိမ်းဆည်းသော်လည်း ပြည်နယ်များတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လမ်းနံဘေးရှိ လယ်ယာများသာ သိမ်းဆည်းထားကြောင်း ဦးမျိုးသန့်က ဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် စစ်တပ် က လယ်ယာမြေသိမ်းဆည်းမှုကို တိုင်ကြားရမှန်း မသိသေးသည့် ဒေသခံပြည်သူ ၇၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာဌာန တွဲဖက်အတွင်းရေးမှူးကိုဝင်းမြင့်ဟန်က ပြောသည်။

‘‘လမ်းပန်းဆက်သွယ်ရေး  ခက်ခဲတာက တစ်ကြောင်း၊ စစ် တပ်က ဖိနှိပ်မှုကြောင့် မတိုင်ရဲ တာ တစ်ကြောင်း၊ အဲဒီလိုအ ကြောင်းအမျိုးမျိုးကြောင့် မတိုင် ရဲကြဘူး။ နောက်ပြီး သူတို့တွေက ဘယ်လိုတိုင်ရကောင်းမှန်းလည်း မသိကြဘူး။ သူတို့ စိတ်ထဲမှာ တော့ တိုင်ကြားချင်ကြတယ်’’ ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အမျိုးသားမြေ အသုံးချမှု မူဝါဒ၊ တောင်သူလယ် သမားအခွင့်အရေးကာကွယ်ရေး ဥပဒေနှင့် မြေယာပြဿနာများ ဖြေရှင်းရေး ဥပဒေများ ထွက်ရှိ ထားသော်လည်း လက်တွေ့တွင် တောင်သူလယ်သမားများကို ထိ ထိရောက်ရောက် ကာကွယ်ပေး နိုင်ခြင်း မရှိသေးကြောင်း အမ်း မြို့နယ်ရှိ ဒေသခံ တောင်သူတစ် ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် မြေယာ ပြဿနာအမှုပေါင်း ၈၀ ကျော် ရှိ သည့်အနက် စစ်တပ်က သိမ်းဆည်းမှု ၃၄ မှု၊ ကျေးရွာအုပ်ချုပ် ရေးပိုင်းက သိမ်းဆည်းမှု ၂၁ မှု၊ ကုမ္ပဏီက သိမ်းဆည်းမှု ကိုးမှု၊ ဝန်ကြီးဌာနက သိမ်းဆည်းမှု ငါးမှု၊ စီးပွားရေးလုပ်ငန်းရှင်က သိမ်းဆည်းမှု တစ်မှု၊ လယ်မြေအငြင်း ပွားမှု နှစ်မှု၊ အရာရှိဇနီးများက သိမ်းဆည်းမှု နှစ်မှု၊ ရဲစခန်းကသိမ်းဆည်းမှု နှစ်မှု၊ စီမံကိန်းအဖြစ် သိမ်းဆည်းမှု နှစ်မှု၊ ရဲဘော်ဟောင်းများက သိမ်းဆည်းမှု တစ်မှုနှင့် ကျေးရွာမြေ စိစစ်ရေး ဌာနက ဆုံးဖြတ်ချက်ကို မနာခံမှု တစ်မှုတို့ဖြစ်ပွားနေကြောင်း စာတမ်းများတွင် ဖော်ပြသည်။

‘‘စစ်တပ်က ဥပဒေအပြင် ဘက်မှာရှိနေတော့ လယ်မြေတွေ ကို သိမ်းချင်သလို သိမ်းတယ်။ ချဲ့ချင်သလိုချဲ့တယ်။ လွှတ်တော် မှာ ထုတ်ပြန်ပြီးတဲ့ မြေယာမူဝါဒ ကိုလည်း ပြည်သူတွေဆီ ပွင့်လင်း မြင်သာစွာ မချပြသေးဘူး။ အဲဒီ မူဝါဒမှာ တပ်ဧရိယာနဲ့ ပတ်သက် ပြီး တိတိကျကျဖော်ပြပေးစေလို တယ်။ လယ်ယာမြေသိမ်းဆည်း ခံရတဲ့ တောင်သူတွေကို ကုမ္ပဏီတွေက နစ်နာကြေးပေးပေမယ့် လွန်စွာ နည်းပါးတယ်’’ ဟု ဦးမျိုး သန့်က ပြောသည်။


From-7 Days
www.laymro.com 



SHARE THIS
Previous Post
Next Post