ဒုတိယံပိ မိုးအဆက်​မပြတ်​ရွာသန်းမှု​ကြောင့်​ မင်းပြား၌ ​တ​ကျော့ပြန်​ရေလွှမ်းမိုး


(ဂျူလိုင်​ ၂၇ ၊ မင်းပြား)

ဂျူလိုင်​လ ​နောက်​ဆုံး​နေ့ ရက်​များအတွင်း မိုးအဆက်​မပြတ်​သည်းထန်​စွာ ရွာသန်းမှု​ကြောင့်​ မင်းပြားအပါအဝင်​ ရခိုင်​ပြည်​နယ်​​မြောက်​ပိုင်း မြို့ နယ်​အချို့ ၌ တ​ကျော့ပြန်​​ရေလွှမ်းမိုးလျက်​ရှိ​ကြောင်း သိရသည်​။

မိုးရွာသန်းမှုသည်​ ဂျူလိုင်​လ ၂၀ ရက်​ခန့် ​လောက်​က စတင်​၍ အဆက်​မပြတ်​သည်းထန်​စွာ ရွာသန်းခဲ့မှု​ကြောင့်​ ရခိုင်​ပြည်​နယ်​​မြောက်​ပိုင်းရှိ ​လေးမြို့  မြစ်​​ရေကြီးမှု ဖြစ်​ပွား​နေပြီး မြစ်​ကမ်းပါး ရှိ ​မြေနိမ့်​​ဒေသအချို့  ၌ ​ရေလွှမ်းမိုးရခြင်းဖြစ်​​ကြောင်း သိရသည်​။

ပြီးခဲ့သည့်​ ဇွန်​လ ​နောက်​ဆုံးပတ်​​နေ့ ရက်​များကလည်း မိုးအဆက်​မပြတ်​သည်းထန်​စွာ ရွာသန်းခဲ့မှု​ကြောင့်​  ရခိုင်​ပြည်​နယ်​အနှံ့ အပြား၌  ​ရေကြီးမှုများဖြစ်​​ပေါ်ခဲ့ပြီး လူ​သေဆုံးမှုများနှင့်​ မြန်​မာကျပ်​​ငွေ ဘီလီယံ​ပေါင်းများစွာ ပျက်​စီးဆုံးရှုံးမှုများရှိခဲ့​ကြောင်း သိရသည်​။

မင်းမြတ်​ခိုင်
(​လေးမြို့  သတင်းမီဒီယာ)



SHARE THIS
Previous Post
Next Post